အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အလိုရှိသူကိုမတွေ့၍ အဘိုးနှင့်အဖေကို စစ်ကောင်စီ ဖမ်းသွား

ပဲခူးတိုင်း၊ ပေါင်းတည်မြို့၊ ဟင်္သာရပ်ကွက်နေ ကိုပြည်ဘုန်းပိုင်ကို စစ်ကောင်စီတပ်က နေအိမ်၌ လာရောက်ရှာဖွေရာတွင် မတွေ့သဖြင့် ဖခင်နှင့် အဘိုးဖြစ်သူတို့ကို ယနေ့(ဇူလိုင် ၄) နံနက်ပိုင်းတွင် ဖမ်းခေါ်သွားကြောင်း မိသားစုဝင်တစ်ဦးက အတည်ပြုသည်။

အိမ်သို့ စစ်ကောင်စီတပ်ရောက်လာခြင်းသည် မကြာသေးခင်က အိမ်အနီး ဒလန်ဟု စွပ်စွဲခံရသူတစ်ဦးသေဆုံးမှုအတွက် စစ်ဆေးမေးမြန်းလိုသောကြောင့်လည်း ဖြစ်နိုင်သည်ဟု သူက ပြောသည်။

“ဒလန်က သူ့အိမ်ရှေ့ မျက်စောင်းထိုးလေးမှာပဲ အသတ်ခံရတာ။ အဲဒီတော့ အဲဒီနားဝန်းကျင်က လူတွေကို မဲတာပေါ့”ဟု သူက ဆက်ပြောသည်။

အဆိုပါရပ်ကွက်အတွင်း ဒလန်ဟု နာမည်ကျော်သူ ဦးအောင်ဆန်းဝင်း(ခ)ဂျစ်ပွေး (ရွှေအရက်ဆိုင်) ဆိုသူ ဇူလိုင် ၂ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံးမှု၊ ယင်းမတိုင်မီတစ်ရက်က နွယ်ချို (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးပေါက်ကွဲမှုတို့ ဖြစ်ပွားပြီးနောက် ပေါင်းတည်မြို့အတွင်း၌ စစ်ကောင်စီက အဖမ်းအဆီးကြမ်းနေခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယနေ့ နံနက် ၁၀ နာရီခန့်က စစ်ကောင်စီလာရောက်ရှာဖွေသည့် အသက် ၂၈ နှစ်အရွယ်ရှိ ကိုပြည်ဘုန်းပိုင်မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သလို ၎င်းကို မတွေ့သဖြင့် စစ်ကောင်စီက ဖမ်းခေါ်သွားသည့် ဖခင်ဖြစ်သူ အသက် ၅၀ အရွယ် ဦးအောင်ကြီး(ခ) ဦးမင်းဆွေအောင်သည်လည်း ဒေသအခြေစိုက် မြေလတ်အသံသတင်းဌာန၊ သတင်းထောက်တစ်ဦးဖြစ်သည်။

ထို့အတူ ရွှေတည်သစ်ရပ်ကွက်နေ သူ၏ အဘိုး အသက် ၈၀ အရွယ် တရားလွှတ်တော်ရှေ့နေ၊ မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အမှုဆောင် ဦးစံမောင်ကိုလည်း စစ်ကောင်စီက သွားရောက်ခေါ်ဆောင်ခဲ့သည်။

နှစ်ဦးစလုံးကို ပေါင်းတည်ရဲစခန်းသို့  စစ်ကောင်စီတပ်က ခေါ်ဆောင်သွားခြင်းဖြစ်ကာ ဦးစံမောင်ကို ညနေ ၄ နာရီခွဲခန့်ထိ အစစ်အဆေးအမေးအမြန်းမရှိဘဲ ရဲစခန်း၌ ခေါ်ထားပြီးနောက် ပြန်လွှတ်ပေးခဲ့သည်ဟု အထက်ပါ မိသားစုဝင်ကပြောသည်။

သတင်းသမား ဦးအောင်ကြီးကိုမူ စစ်ကောင်စီက စစ်ဆေးနေဆဲဖြစ်သည်ဟု သိရသော်လည်း ကိစ္စတစ်ခုခုဖြင့် အမှုဖွင့်ရန် ဖမ်းဆီးခံရခြင်းဟုတ်မဟုတ် သဲကွဲစွာမသိရသေးဟု ယနေ့(ဇူလိုင်၄) ညနေ ၅နာရီတွင် ၎င်းကပင် အတည်ပြုထားသည်။

(ဖြည့်စွက်ချက်။ ဦးအောင်ကြီးကို ယနေ့(ဇူလိုင်၄) ည ၇နာရီခန့်တွင် ရဲစခန်းမှ ပြန်လွှတ်ပေးလိုက်သည်ဟု မိသားစုဝင်က အတည်ပြုသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button