အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြောက်ဥက္ကလာတွင် အရပ်ဝတ်လက်နက်ကိုင်များက လူငယ်တစ်ဦးကို ဖမ်းဆီး ​

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်အတွင်း လူစည်ကားရာ ဧရာလမ်းမထိပ်တွင် ယနေ့(ဇူလိုင်၃) နံနက်ပိုင်းက လူငယ်တစ်ဦးကို အရပ်ဝတ်ဖြင့်လက်နက်ကိုင်များက ဖမ်းဆီးခဲ့ပြီး လက်နက်ကိုင်များအနက် မောင်းပြန်ရိုင်ဖယ်ကိုင်ဆောင်ထားသူမှာ ဈရပ်ကွက်၌ ရဲသတင်းပေးအဖြစ် နာမည်ကျော်သူ ဆန်းမင်းဦးဖြစ်ကြောင်း ဒေသခံအချို့က အတည်ပြုသည်။

“ဟိုးအရင်ကတည်းက သူက ရဲသတင်းပေးလုပ်နေတာ။ ဈရပ်ကွက်က။ ကျန်တဲ့သုံးယောက်ကတော့ မသိဘူး။ ငယ်ငယ်လေးတွေဗျ။ ကြည့်ရတာတော့ ရဲရုပ်တွေလဲမပေါက်ဘူး”ဟု အမည်မဖော်လိုသူ ရပ်ကွက်နေသူတစ်ဦးက Myanmar Now ကို ပြောသည်။

ဧရာလမ်းမထိပ် လူမြင်ကွင်း၌ပင် အရပ်ဝတ်လက်နက်ကိုင်များက အဆိုပါလူငယ်ကို ဆိုင်ကယ်ချင်းတိုက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူအချို့က အတည်ပြုသည်။ 

“သူ့(ဖမ်းခံရသည့်လူငယ်) နောက်ကနေ နောက်ယောင်ခံပြီး လိုက်လာတယ်ထင်တာပဲ”ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ ထိုလူငယ်ကို ဖမ်းဆီးပြီးနောက် ၎င်းစီးနင်းလာသည့် ဆိုင်ကယ်ကိုပါ အရပ်ဝတ်လက်နက်ကိုင်များက ယူဆောင်သွားသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ဖမ်းဆီးခံရသူလူငယ်မှာ မည်သူဖြစ်ကြောင်းနှင့် မည်သည့်အတွက်ဖမ်းဆီးခံရသည်ကို ယနေ့(ဇူလိုင်၃) ညနေပိုင်းအထိ စုံစမ်း၍မရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်သူများ လုပ်ကြံသတ်ဖြတ်ခံရမှု ဆက်တိုက်ဖြစ်လာချိန်တွင် စစ်ကောင်စီက ထိန်းချုပ်ထားသည်ဟု ယူဆရသော “ပျူစောထီး”ဆိုသော အရပ်ဝတ်လက်နက်ကိုင်အဖွဲ့များလည်း ပေါ်ထွက်လာသည်။ 

ယမန်နေ့(ဇူလိုင် ၂) ညကပင် မန္တလေးတိုင်း မြင်းခြံမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဇနီးမောင်နှံနှစ်ဦး နေအိမ်၌ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး ကျူးလွန်သူများက “ပျူစောထီးအဖွဲ့က ပစ်တာကွ”ဟု ရပ်ရွာကြားအောင် ဟစ်အော်သွားကြောင်း ဒေသခံတို့က Myanmar Now ကို ပြောကြားထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button