အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“ကျူးလွန်တဲ့သူတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ ခြေလှမ်းတွေရှိမယ်လို့ ယူဆတယ်”

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ် တာဝန်ရှိသူတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ တာဝန်ရှိသူတွေဖြစ်တာကြောင့် အရေးယူပေးဖို့ တီမောလက်စ်တေနိုင်ငံမှာ တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး အမှုကို လက်ခံလိုက်ပြီ ဖြစ်ပါတယ်။ 

အာဆီယံရဲ့ နောက်ဆုံးအဖွဲ့ဝင်နိုင်ငံ ဖြစ်လာတဲ့ တီမောနိုင်ငံရဲ့ တရားရေးဌာနက အမှုကို လက်ခံလိုက်ပြီဖြစ်ပါတယ်။ ဒါဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုက အခြားအဖွဲ့ဝင် နိုင်ငံတစ်ခုကို ပထမဆုံးတရားစွဲတဲ့အမှု ဖြစ်လာပါတယ်။ 

စစ်တပ်ကျူးလွန်မှုတွေထဲက ထင်ရှားတဲ့ မုဒိမ်းမှု အပါအဝင် ခရစ်ယာန် သင်းအုပ်ဆရာကို သတ်ဖြတ်မှု၊ ခရစ်ယာန်ဘုရားကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု စတဲ့ အမှု ၅မှုကို မှတ်တမ်းတွေစနစ်တကျပြုစုပြီး တရားစွဲဆိုထားတာဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) က ပြောပါတယ်။ 

နိုင်ငံကို တရားစွဲတာမျိုးမဟုတ်ဘဲ ရာဇဝတ်မှုကျူးလွန်တဲ့ စစ်ခေါင်းဆောင်နဲ့တာဝန်ရှိသူတွေကို စွဲဆိုထားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တီမောလက်စ်တေနိုင်ငံဟာ Universal Jurisdicrtion လို့ခေါ်တဲ့ နိုင်ငံတကာတရားစီရင်ပိုင်ခွင့် ကို လက်ခံကျင့်သုံးတဲ့နိုင်ငံဖြစ်တာကြောင့် ခုလို တရားစွဲဆိုတာ ဖြစ်ပါတယ်။  

တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး ဖြစ်လာနိုင်ခြေရှိတဲ့ အခြေအနေတွေကို CHRO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမန်ဟရဲလျန် နဲ့ Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။

အောင်နိုင်/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles