အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

မင်စွန်းလက်ကို ဖုံးကွယ်ရတဲ့ ရွေးကောက်ပွဲ

ဒီကနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း (၂) မှာ မဲရုံလာရောက်တဲ့ ပြည်သူတချို့က မဲပေးရတာကို ရှက်ရွံ့နေကြပြီး လူမှုကွန်ယက်ပေါ်မှာ မိမိတို့ရဲ့ ပုံရိပ်တွေ ဖော်ပြခံရမှာကို မလိုလားကြဘူးလို့ မဲရုံလေ့လာသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ 

 မြို့လယ်ခေါင် ရပ်ကွက်တွေက မဲရုံတွေမှာ ရွေးကောက်ပွဲမဲပေးဖို့  နှိုးဆော်တဲ့ သီချင်းတွေ ဖွင့်ထားပေမယ့်  မဲလာပေးတဲ့သူ အနည်းငယ်ပဲ ရှိပြီး မဲရုံအများစုဟာ ခြောက်ကပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ 

ဒါ့အပြင် အသက်ကြီးပိုင်းတွေ မဲထည့်တာများပြီး လူငယ်လာရောက်မှုကတော့ နည်းနေတယ်လို့ မြန်မာနောင်းသတင်းရင်းမြစ်က ပြောပါတယ်။ လူငယ်တွေဟာ စစ်မှုထမ်းဖို့ ခေါ်မှာ စိုးရိမ်တာ၊ မဲမပေးရင် နိုင်ငံခြား မသွားရမှာဆိုတဲ့ စိုးရိမ်တာတွေကြောင့် မဲလာပေးကြတာလို့ ပြောကြပါတယ်။

ရွေးကောက်ပွဲဆိုတာဟာ ပြည်သူ့ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်တဲ့ပွဲ ဖြစ်သင့်ပေမယ့် ဒီနေ့ (ဇန်နဝါရီ ၁၁ ရက်နေ့) အပိုင်း (၂) မှာ ပြည်သူတွေဟာ မဲပေးရတာ ရှက်တယ်၊ ကြောက်တယ် ဆိုတဲ့ ခံစားချက် ပိုများလာတာက လက်ရှိ နိုင်ငံရေး အခြေအနေ နဲ့ လုံခြုံရေး တင်းကျပ်မှုတွေ ကို ထင်ဟပ်နေတဲ့ လက္ခဏာ တစ်ခုပဲ ဖြစ်ပါတယ်။

ရိုက်ကူး-မြတ်ကြီး၊ကိုလှိုင်း/ တင်ဆက်-သဇင်လှိုင်

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button