မင်းအောင်လှိုင် စီစဉ်ပြီး ဂုဏ်သိက္ခာအကင်းမဲ့ဆုံး ရွေးကောက်ပွဲအဖြစ် သမိုင်းမှတ်တမ်းတင်ခြင်းခံရမည့်၊ အပိုင်း သုံးပိုင်း ပါဝင်ပြီး ပထမပိုင်းကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲသည် မည်သည့် ရှုထောင့်မှ တိုင်းတာသည်ဖြစ်စေ၊ ၂၀၂၀ ပြည့်နှစ်တွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စီစဉ်ကျင်းပခဲ့ သော အထွေထွေရွေးကောက်ပွဲကြီးနှင့် နှိုင်းယှဉ်လျှင် ပြည်သူ့ဆန္ဒအကင်းမဲ့ဆုံး ရွေးကောက်ပွဲ ဖြစ်သည်ကို စစ်ကော်မရှင် ရွေး/ကော် ထုတ်ပြန်ခဲ့သော ၂၇ မြို့နယ်၏ ရွေးကောက်ပွဲ ကျင်းပနိုင်မှု အခြေအနေများက သက်သေခံနေပါသည်။
သန်းနှင့်ချီသော မဲလိမ်မဲခိုးမှုများကြောင့်ဟု တစ်ဖက်သတ်စွပ်စွဲပြီး စစ်အာဏာသိမ်းခဲ့သော မင်းအောင်လှိုင်သည် သန်းနှင့်ချီသော ပြည်သူများ နေထိုင်ရာ နိုင်ငံအနှံ့ရှိ မြို့ရွာများကို မီးရှို့ဖျက်ဆီး၊ လေကြောင်းဗုံးကြဲ၊ လက်နက်ကြီးများနှင့်ပစ်ခတ်၊ စစ်ကြောင်းများထိုး၍ အရပ်သားပြည်သူများကို သတ်ဖြတ်၊ အမျိုးသမီးများကို မုဒိမ်းကျင့်၊ ကလေးငယ်များပါမကျန် ဖမ်းဆီးအကျဉ်းချ စသည့် လူသားမဆန်သော၊ လူ့မျိုးနွယ်စုကို ဆန့်ကျင်သော အလွန်ကြီးမားသည့် ရာဇဝတ်မှုများကို လွန်ခဲ့သော ငါးနှစ်လုံးလုံး စိတ်ကြိုက်ကျူးလွန်ခဲ့သည့် စစ်ခေါင်းဆောင် ဖြစ်သည်။
ယခုအခါ ထိုစစ်ခေါင်းဆောင်ကပင် စီစဉ်ကျင်းပသော ရွေးကောက်ပွဲသည် ပြည်သူလူထု အများအပြားကို သတ်ဖြတ်ပြီး “အောင်သေအောင်သား” စား၍ ယစ်မူးပျော်ပါးမည့် ယဇ်ပူဇော်ပွဲတစ်ခုထက် မပိုကြောင်း ‘သုတဇော်’ ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



