အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“ကျားဖြန့်အဆောက်အအုံသစ်တွေ ပေါ်ထွက်နေတာက အားလုံးသိတဲ့ လျှို့ဝှက်ချက်လို ဖြစ်နေတာ”

ထိုင်း-မြန်မာနယ်စပ်တလျောက်မှာ အခုကာလ လူစိတ်ဝင်စားဆုံးနဲ့ စောင့်ကြည့်ရဆုံး သတင်းဆိုရင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)တွေကို နှိမ်နင်းနေတယ်ဆိုတဲ့  အ​ခြေအနေတွေလို့ ဆိုရမှာပါ။ 

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန် နဲ့ တရုတ်အပါအဝင် နိုင်ငံတကာ က စောင့်ကြည့်မှုတွေရှိနေတဲ့ ဒီလုပ်ငန်းတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း အဆောက်အအုံ ဖြိုဖျက်တာတွေ ၊ ကျားဖြန့်လုပ်သားတွေကို ဖမ်းဆီးပြီး သက်ဆိုင်ရာ နိုင်ငံတွေဆီ ပြန်ပို့တာတွေ လုပ်နေပါတယ်။ 

ဒီလို လုပ်ဆောင်နေပေမဲ့ ကျားဖြန့်လုပ်ငန်းတွေက တကယ်ပဲ ပျောက်ကွယ်သွားမှာလား ၊ 

လုပ်ဆောင်မှုတွေက လက်တွေ့မှာ ထိရောက်မှု ရှိရဲ့လားဆိုတဲ့ အခြေအနေတွေကို သိရဖို့ Myanmar Now သတင်းထောက်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ဒုတိယပတ်မှာ ကျားဖြန့်စင်တာတွေရှိတဲ့ နေရာတွေကို ကွင်းဆင်းသတင်းရယူခဲ့ပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ခရီးစဉ်အတွင်း ကျားဖြန့်လုပ်ငန်းအတက်လို့ ယူဆရတဲ့ အဆောက်အအုံသစ်တွေ ထပ်ဆောက်လုပ်နေတဲ့ အခြေအနေတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ နယ်စပ်ဒေသ အနီးတဝိုက်မှာတော့ ၂ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေသလို စစ်ရှောင်စခန်းတွေမှာလည်း ဒေသခံ စစ်ရှောင်တွေက ပိုများလာတာကို တွေ့မြင်ရပါတယ်။ 

ဒီအခြေအနေတွေနဲ့ ပက်သက်ပြီး မြေပြင်ဆင်းပြီး သတင်းရယူခဲ့တဲ့ Myanmar Now သတင်းထောက် ကိုလှိုင်းက မြေပြင်မှာ မြင်တွေ့ ကြုံခဲ့ရတဲ့ အခြေအနေတွေကို ပြန်လည် ပြောပြထားပါတယ်။ 

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button