အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“ရှုံးမယ်မှန်း သိလျက်နဲ့ ဝင်ပြိုင်တာ” – ဒေါက်တာအေးမောင်

ဒီဇင်ဘာ ၂၈ရက်က စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့ကနေ အမျိုးသားလွှတ်တော်နေရာအတွက် ဝင်ပြိုင်ခဲ့တဲ့ ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင် ရှုံးနိမ့်ပြီး စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက ဦးဆောင်နေပါတယ်။ 

တပ်မဲတွေနဲ့ မွတ်ဆလင်အဖွဲ့အစည်းတွေကပေးမယ့် မဲတွေကြောင့် ရှုံးမယ်ဆိုတာ ကြိုသိနေပေမယ့် ရွေးကောက်ပွဲကို တမင်ဝင်ပြိုင်ခဲ့တာလို့ ဒီဇင်ဘာ ၂၉ရက်မှာ Myanmar Now ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဒေါက်တာအေးမောင်က ဖြေကြားပါတယ်။ 

၁၇မြို့နယ်ရှိတဲ့ ရခိုင်ပြည်နယ်မှာ ၁၄မြို့နယ်ကို အာရက္ခတပ်တော်(AA) က ထိန်းချုပ်ထားတာကြောင့် စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်မှာပဲ စစ်တပ်က ရွေးကောက်ပွဲလုပ်နိုင်ပါတယ်။ 

အဲ့ဒီ ၃မြို့နယ်မှာ ဒေါက်တာအေးမောင်ရဲ့ ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ဦးဘရှိန်ရဲ့ ရခိုင်တိုင်းရင်းသားများပါတီ (RNP)နဲ့ ကြံ့ခိုင်ရေးပါတီတို့ အဓိက ဝင်ပြိုင်ကြတာပါ။

ဖဒူ ထွန်းအောင်၊ ကိုလှိုင်း/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button