စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ပထမပိုင်းမှာ ဖိအားပေး၊ ခြိမ်းခြောက်မှုတွေ ရှိခဲ့သည့်တိုင် မဲပေးတဲ့သူကတော့ နည်းပါးခဲ့ပါတယ်။ ဒီရွေးကောက်ပွဲမှာ ပထမဆုံးအနေနဲ့ ပြောင်းလဲပြီး ပေးရတဲ့ မဲပေးစက်ကြောင့် ကိုယ်ရေးအချက်အလက်ဆိုင်ရာ လုံခြုံရေး စိုးရိမ်စရာရှိသလို ပြည်သူတွေကိုလည်း ဖိနှိပ်မှုတွေ ပိုလုပ်လာနိုင်တယ်လို့ ရွေးကောက်ပွဲအရေး ကျွမ်းကျင်သူ ကိုထင်ကျော်အေးက သုံးသပ်ပါတယ်။
စစ်အုပ်စုက လုပ်တဲ့ ရွေးကောက်ပွဲ ပထမပိုင်းနဲ့ ပတ်သက်ပြီး သုံးသပ်ပြောဆိုဖို့အတွက် ရွေးကောက်ပွဲအရေး ကျွမ်းကျင်သူလည်းဖြစ်၊ Spring Sprouts Myanmar အဖွဲ့ရဲ့ တည်ထောင်သူလည်း ဖြစ်တဲ့ ကိုထင်ကျော်အေးကို မြန်မာနောင်းကနေ ဆက်သွယ်မေးမြန်းသွားပါမယ်။
ရိုက်ကူး-မြတ်ကြီး တင်ဆက်-သဇင်လှိုင်
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



