အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စစ်ကိုင်းနဲ့ မန္တလေးတိုင်းအစပ်က လေကြောင်းတိုက်ခိုက်မှု အခြေအနေ

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအစပ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၄ ရက်ဆက်တိုက်လုပ်တာကြောင့် ဒီဇင်ဘာ ၁၉ရက်နေ့အထိ အနည်းဆုံး ဒေသခံ ၇ယောက် သေဆုံးခဲ့တယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံက Myanmar Now ကို ပြောပါတယ်။ 

ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းမှာလည်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ရွှေဘို-မြစ်ကြီးနားလမ်းနဲ့ ခင်ဦးမြို့ အမှတ် (၃) လမ်းမကြီးတို့ကို ဆက်သွယ်ထားတဲ့ လမ်းဆုံနေရာကို တိုက်လေယာဉ် ၄စင်း၊  ဂျိုင်ရိုကော်ပတာ ၃စင်းနဲ့  ဗုံးကြဲတိုက်ခိုက်လို့  အသက် ၃၀ အရွယ် ကိုတေဇာအောင် သေဆုံးပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

မန္တလေး- ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းမှာ ယာဉ်ကြောပိတ်ဆို့နေတဲ့ ကားတန်းပေါ်ကို လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ပြည်သူတွေမှန်းသိလျက် ဦးတည်တိုက်ခိုက်တာလို့ 

ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံက ဆိုပါတယ်။ 

သတင်း၊ တင်ဆက် – သဇင်လှိုင်၊ ရိုက်ကူး – မိုးဦး 

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button