အာဏာသိမ်းစစ်တပ်ရဲ့ ထိုးစစ်တပ်က မန္တလေးတိုင်း၊ ဧရာဝတီမြစ်ကမ်းဘေးက စဉ့်ကူးမြို့နဲ့ ၁၀မိုင်အကွာထိ ရောက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပါတယ်။
စဉ့်ကူးမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY- PDF) က ၂၀၂၄ ဇူလိုင်လမှာ တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။
လက်ရှိမှာ MDY-PDFတပ်ဖွဲ့ဝင်တွေက တပ်ဆုတ်သွားပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ခုခံနေရတာကြောင့် ရေရှည်တောင့်ခံနိုင်ဖို့ ခက်ခဲတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
နေမင်းနီ၊ မြတ်ကြီး/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



