အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“အိမ်မှာလင်းနေတဲ့ မီးလုံးတစ်လုံး ပိတ်သွားသလို ခံစားရတယ်”

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ မြို့သစ်ရပ်ကွက်ကို နိုဝင်ဘာလ ၇ရက်နေ့ ည ၈နာရီကျော်မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးတွေအပါအဝင် ဒေသခံ ၅ယောက် သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ၁၀ယောက်ကျော် ရှိခဲ့ပါတယ်။ 

သေဆုံးသွားသူတွေထဲမှာ ဒေါ်သန်းသန်းရွှေရဲ့ သမီးဖြစ်သူ အသက် ၁၇နှစ်အရွယ် မခိုင်စန်းရွှေလည်း ပါဝင်ပါတယ်။ စစ်တပ်လက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ ၁၁တန်းကျောင်းသူ မခိုင်စန်းရွှေရဲ့ ဓာတ်ပုံကိုပြန်ကြည့်ပြီး ရင်ကွဲမတတ်ခံစားရတဲ့အကြောင်း မိခင်ဖြစ်သူက ပြောပြပါတယ်။ 

“အိမ်မှာလင်းနေတဲ့ မီးလုံးတစ်လုံး ပိတ်သွားသလို ခံစားရတယ်။ ကမ္ဘာကြီးပြိုရင်တောင် ဒီလောက်ခံစားရမယ်လို့ မထင်ဘူး။ တချို့က ပြောသေးတယ်။ အိမ်မှာ သားသမီး ၂ယောက်ရှိသေးတယ်၊ အဲ့လောက်ထိ ပူဖို့မလိုဘူးတဲ့။ တစ်ယောက်နေရာမှာ တစ်ယောက်တော့ အစားထိုးလို့ ရနိုင်မှာမဟုတ်ဘူး” လို့ ဒေါ်သန်းသန်းရွှေက ပြောပါတယ်။ 

ဒေါ်သန်းသန်းရွှေတို့ ဇနီးမောင်နှံမှာ သားသမီး ၃ယောက်ရှိပါတယ်။ သေဆုံးသွားတဲ့ မခိုင်စန်းရွှေက အကြီးဆုံးသမီး ဖြစ်ပြီး၊ ကျန် ၂ယောက်ကတော့ ၈နှစ်အရွယ် သား ၁ယောက်နဲ့ ၄နှစ်အရွယ် သမီးတစ်ယောက် ဖြစ်ပါတယ်။ 

သမီးကြီး မခိုင်စန်းရွှေက ဈေးရောင်းရင်း ကျောင်းတက်နေသူဖြစ်ပြီး လေယာဉ်မှူးတစ်ယောက်ဖြစ်ချင်တဲ့ဆန္ဒရှိခဲ့တယ်လို့ ဆိုပါတယ်။ ခုတော့ လေတပ်လက်ချက်ကြောင့် မခိုင်စန်းရွှေ သေဆုံးခဲ့ရပါတယ်။ 

ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၃ရက်နေ့ကနေ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလကုန်ထိ စစ်တပ်လက်ချက်ကြောင့် သေဆုံးသူ ၉၇၀၊ ဒဏ်ရာရသူ ၂၀၅၄ယောက်ရှိပြီး လူ ၁၀၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ အာရက္ခတပ်တော် AA ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) က အောက်တိုဘာ ၂၅ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ 

ရုပ်သံ – ညီထွေး

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button