အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“ကျွန်တော်တို့ အညာသားတွေ နိုင်ငံရဲ့နေရာအနှံ့အသီးသီးမှာ တိုက်ပွဲဝင်ခဲ့တာတွေ အများကြီး”

၂၀၂၁ စစ်အာဏာသိမ်းပြီး ၅နှစ်ကျော်အတွင်းမှာ နိုင်ငံအလယ်ပိုင်း၊ အညာဒေသက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူလူငယ်တွေက အညာဒေသမှာသာမက စစ်မျက်နှာအသီးသီးမှာပါဝင်ပြီး စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဆင်နွှဲနေကြပါတယ်။ အခုဆိုရင်တော့ အညာဒေသက ပြန့်ကျဲနေတဲ့ တပ်ရင်းတွေကိုစုပေါင်းပြီး စစ်ကြောင်းတစ်ခုအနေနဲ့ စုဖွဲ့မှုတွေ စတင်လုပ်ဆောင်လာကြပါတယ်။ 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဌာနကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်းတွေစုပေါင်းပြီး ယင်းမာပင်မြို့နယ်စစ်ကြောင်း(YMB Column) တစ်ခုကို မကြာသေးခင်က ဖွဲ့စည်းလိုက်ပါတယ်။ 

ဒီစစ်ကြောင်းမှာ ကနဦးအနေနဲ့ ယင်းမာပင်ခရိုင် အမှတ် (၁+၂၆) တပ်ရင်း၊ ယင်းမာပင်ခရိုင် အမှတ် (၂၄) တပ်ရင်းနဲ့ ဗျူဟာ ၄၇ (ယင်းမာပင်ခရိုင် အမှတ် (၂၇+၃၅+၃၆) တပ်ရင်းတွေ ပါဝင်ပါတယ်။ 

“အမိန့်ကွပ်ကဲမှုတစ်ခုထဲကနေ စစ်ရေးဖော်ဆောင်နိုင်အောင် ကြိုးစားတည်ဆောက်နေတာ” လို့ YMB Column ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဗလ က ပြောပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မြို့နယ်အတွင်းက တပ်ရင်းတွေနဲ့ စုဖွဲ့လိုက်တဲ့ ဒီစစ်ကြောင်းဟာ စစ်ရေးဖော်ဆောင်မှုမှာ ဘယ်လိုအားသာချက်တွေရှိလာမလဲဆိုတာ မေးမြန်းထားပါတယ်။ 

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles