အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ထိုင်းအချုပ်ထောင်တွေကနေ ပြန်ပို့ခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အခြေအနေ ဆက်သွယ်မေးမြန်းချက်

အကျဉ်းထောင်ပေါင်း ၈၀ကျော်ရှိတဲ့ ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ အဖမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများအပြား ရှိနေပါတယ်။ 

၂၀၂၅ ဇန်နဝါရီလ ကနေ နိုဝင်ဘာ ၅ရက်နေ့အထိ ပြစ်ဒဏ်လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၁၈၀၀ကျော်ကို ထိုင်းအာဏာပိုင်တွေက ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့ကတဆင့် မြန်မာအာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့ ရနောင်းခရိုင်လူဝင်မှုကြီးကြပ်ရေး(လဝက) စာရင်းတွေအရ သိရပါတယ်။ 

သူတို့အားလုံးနီးပါးကို မြန်မာစစ်တပ်က အတင်းအဓမ္မ စစ်သားသစ်စုဆောင်းဖွယ်ရှိတယ်လို့ မြန်မာရွှေ့ပြောင်းသားလုပ်သားအရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။ မြန်မာဘက် ပြန်ပို့ခံရတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို စစ်တပ်က ရေလမ်းကနေ စစ်သင်တန်းကျောင်းပို့ဆောင်နေချိန် ထွက်ပြေးလွတ်မြောက်ခဲ့သူတွေလည်း ရှိပါတယ်။ 

ထိုင်းနိုင်ငံမှာ အဖမ်းခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားအများစုဟာ အောက်လမ်းလို့ခေါ်တဲ့ မှောင်ခိုလမ်းကြောင်းကနေ ဝင်ရောက်လာသူတွေများပါတယ်။ တရားမဝင်ရောက်လာပြီး ထိုင်းမှာအဖမ်းခံရရင် ဘယ်လိုပြစ်ဒဏ်တွေ ချမှတ်ခံရနိုင်ပါသလဲ။ ပြန်ပို့ခံရသူတွေရဲ့ နောက်ဆက်တွဲအခြေအနေနဲ့ တရားဝင်နေထိုင်ခွင့် ပန်းရောင်ကတ်ဒ် အသစ်လုပ်ပေးမယ့် ထိုင်းအစိုးရ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးမိုးကြိုး နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကိုလှိုင်း/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button