တအာင်းတပ် (TNLA) ထိန်းချုပ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ နမ္မတူ၊ နမ့်ဆန်၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့များအား ယခုလ ပထမပတ်အတွင်း လေကြောင်းမှ နေ့စဉ်တိုက်ခိုက်နေရာ ကလေးငယ် ၃ဦး အပါအဝင် စုစုပေါင်း လူ ၂၀ သေဆုံးပြီး ဒဏ်ရာရသူ ၂၀ကျော်အထိ ရှိလာသည်။
အောက်တိုဘာလ ၂ ရက်နေ့မှ ယမန်နေ့(အောက်တိုဘာလ ၈ရက်နေ့) အထိ လေကြောင်းတိုက်ခိုက်မှုများ ကြောင့် မိုင်းလုံမြို့တွင် ကလေးငယ်တစ်ဦး အပါအဝင် ၁၀ဦး၊ သီပေါမြို့တွင် အမျိုးသားနှစ်ဦး၊ နမ္မတူမြို့တွင် လေးဦး၊ နမ့်ဆန်မြို့တွင် ကလေးငယ်နှစ်ဦးနှင့် မိုင်းငေါ့မြို့တွင် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်။
ရွေးကောက်ပွဲအကြိုကာလကတည်းက တော်လှန်ရေးအားကောင်းသည့်ဒေသများ၊ တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေများအား အာဏာသိမ်းစစ်တပ်က နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေရာ ယခုလအတွင်း လူမသေသည့်နေ့ပင် မရှိပေ။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



