ကရင်ပြည်နယ်အခြေစိုက် ကရင်တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ဖြစ်သော ကရင်နယ်ခြားစောင့်တပ် (BGF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) နှင့် ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (DKBA)တို့က အာဏာသိမ်းစစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲကို ပူးပေါင်းကူညီသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကြေညာချက်ထုတ်သည်။
မြန်မာစစ်တပ်ကို နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင်တိုက်လာသည့်၊ အထက်ပါ သုံးဖွဲ့နှင့် လှုပ်ရှားနယ်မြေချင်း ဆက်စပ်နေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကမူ စစ်တပ်ကျင်းပမည့်ရွေးကောက်ပွဲကို လုံးဝ လက်မခံကြောင်း ဩဂုတ်လ ၂၆ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ထားသည်။
ပြည်သူတို့ကို နေ့စဉ် ဖမ်းဆီးသတ်ဖြတ်နေသူများ ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံ ဆက်အုပ်ချုပ်မည့် အစီအစဉ်ကို ကြိုဆိုနေကြသည့် လက်နက်ကိုင်သုံးဖွဲ့တွင် အကျိုးစီးပွား မျှော်လင့်ချက်ရှိနေကြသည်ကို တွေ့ရသည်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



