အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ကြောက်စိတ်ဝင်နေသည့် အာဏာသိမ်းတပ် အားကိုးသော အဆောင်နှင့် ယတြာများ

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး ရရာလက်နက်ဆွဲကိုင်တော်လှန်နေသူတို့ကို ရင်ဆိုင်ရာတွင် စစ်တပ်သည် လက်နက်အင်အား များစွာ သာလွန်သည့်အပြင် ပြည်သူ့ ဘဏ္ဍာငွေကို စိတ်ကြိုက်သုံးစွဲနေခြင်း၊ နိုင်ငံကြီးအချို့၏ အကူအညီ ရနေခြင်း စသည့် အားသာချက်များ ရှိနေလင့်ကစား အဆောင်ယတြာများကိုပါ ကျယ်ကျယ်ပြန့်ပြန့် အားကိုးနေဆဲဖြစ်ကြောင်း သက်သေအထောက်အထားများ ထွက်ပေါ်လာနေသည်။

ယခုနှစ် ဇွန်လဆန်းပိုင်းတွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာတိုက်ပွဲသို့ စစ်ကူသွားရောက်ပစ်ခတ်သည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့သည်။ ထိုပျက်ကျခဲ့သည့် နေရာတွင် လေယာဉ်မောင်းသူ၏ ဦးထုပ်ကိုတွေ့ရပြီး  ၂၄ ပစ္စည်း စက်ဝိုင်း ကပ်ထားသည်ကိုတွေ့ရသည်။

၂၄ ပစ္စည်းကို ရွတ်ဖတ်ခြင်း၊ ဆောင်ထားခြင်းဖြင့်   ဘေးအန္တရာယ်  ကင်းလွတ်နိုင်သည်ဟု အယူအဆရှိကြသည်။ သို့သော် ထိုဦးထုပ်ဆောင်းခဲ့သူ၏ ရုပ်အလောင်းမှာ တစ်စစီဖြစ်သွားခဲ့သည်။

လူသတ်၊ ပြည်သူ့အိမ်များကို မီးရှို့ဖျက်ဆီးသည့် စစ်သားတို့ ငရဲပြည်ရောက်မည်မဟုတ်၊ “ရဲသော်မသေ၊ သေသော်ငရဲမလား”ဟု အထက်က ဝါဒဖြန့်ထားဆဲဖြစ်သည်။ ဘာသာအသီးသီး၏ တားမြစ်ချက်ကိုပင် ပြောင်းပြန်လုပ်ကာ စစ်ဗိုလ်ချုပ်အဆက်ဆက် ဦးနှောက်ဆေးထားကြသည်။  

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ဆင်ရေးတစ်ခုရှိလာပါက တပ်ရင်းများ၏ အဝင်အထွက်တံခါးပေါက်များတွင် နေ့နာမ်များအလိုက် ပန်းအိုးထိုးရန် အမွှေးတိုင်နှင့် ဖယောင်းတိုင်များထွန်းရန်၊ တန်ခိုးကြီးဘုရား၊ နတ်နန်းနှင့် အစောင့်အရှောက်များကို သွားရောက် ပူဇော်ရန် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် တိုင်းစစ်ဌာနချုပ်များက အမိန့်စာဖြင့် ညွှန်ကြားတတ်သည်။ 

နိုင်ငံအနှံ့တိုက်ပွဲများမှအစ   ယခုနှစ်ကုန်ပိုင်း ကျင်းပရန်ပြင်ဆင်နေသည့် ရွေးကောက်ပွဲ အစီအစဉ်များအထိ စစ်တပ်၏ ခြေလှမ်းတိုင်းတွင် အစီအရင်ယတြာများ ရှိနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သည့် စစ်အရာရှိများက ဆိုသည်။

ဆောင်းပါး၊ အောင်နိုင်၊ တင်ဆက် – ဟန်လင်း 

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles