အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

လေတပ်လက်ချက်ကြောင့် စစ်ရှောင် ၃နှစ်သမီးနဲ့ မိခင်၊ ဖခင်တို့ မိသားစုဝင် ၃ဦး သေဆုံး

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၃ နှစ်ကျော်အရွယ် ကလေးငယ်အပါအဝင် မိသားစုဝင် ၃ ယောက် သေဆုံးပြီး၊ ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ 

လူဦးရေ ၅၀၀ ဝန်းကျင် ယာယီခိုလှုံနေကြတဲ့ စစ်ရှောင်စခန်းကို ဇူလိုင်လ ၇ရက်နေ့ည လူခြေတိတ်ချိန် ၁၁နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တာပါ။ 

အဲ့ဒီ တိုက်ခိုက်မှုကြောင့် အသက် ၃၀ ဝန်းကျင်အရွယ် ဇနီးမောင်နှံနဲ့ သူတို့ရဲ့ ၃နှစ်ကျော်အရွယ် တစ်ဦးတည်းသောသမီးဖြစ်သူတို့ သေဆုံးခဲ့တာပါ။ 

ဒဏ်ရာရသူ ၄ယောက်ကတော့ ဆေးကုသမှုခံယူနေရပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ကနဦး သိရှိရပါတယ်။ 

သတင်းနှင့်ရိုက်ကူး – မြတ်မိုးသူ

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button