အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကျွေးမွေးရကောင်းလားဆိုတဲ့ အမြင်တွေရှိပါတယ်”

စစ်တပ်အာဏာသိမ်းပြီး လေးနှစ်ကျော်လာချိန်  ကရင်နီ(ကယား)ပြည်နယ်ရဲ့ ထက်ဝက်ကျော်ကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပြီး ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က  အုပ်ချုပ်ရေးလုပ်ငန်းတွေ လုပ်နေပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လေးနှစ်ကျော်လာချိန်  ကရင်နီ(ကယား)ပြည်နယ်ရဲ့ ထက်ဝက်ကျော်ကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပြီး ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က  အုပ်ချုပ်ရေးလုပ်ငန်းတွေ လုပ်နေပါတယ်။

အုပ်ချုပ်ရေးနဲ့ တရားဉပဒေစိုးမိုးဖို့အတွက် ကရင်နီပြည်ရဲဌာနကို ဖွဲ့စည်းထားပြီး အကျဉ်းထောင် နှစ်ခု ရှိပါတယ်။ 

အမှတ် ၁နဲ့ အမှတ် ၂လို့ နာမည်ပေးထားတဲ့ အကျဉ်းထောင် နှစ်ခုမှာ တိုက်ပွဲအတွင်း ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေအပါအဝင် စုစုပေါင်း လူ ၂၀၀ကျော်ကို ထိန်းသိမ်းထားပါတယ်။ 

သုံ့ပန်းအများအပြားကို ထိန်းသိမ်းထားတဲ့ ကရင်ပြည်နယ် တောတွင်းက အကျဉ်းထောင် နှစ်ခုမှာ လူ့အခွင့်အရေးကို ဦးထိပ်ပန်ဆင်ပြီး လူကိုလူလို ဆက်ဆံမှု၊ ဥပဒေစိုးမိုးမှုတို့ကို ဦးစားပေး ကိုင်တွယ်နေတယ်လို့ ဆိုပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၁နှစ်ကျော် သက်တမ်းရှိလာတဲ့ IEC တရားရေးဌာနက ပြည်နယ်တွင်း တရားဥပဒေစိုးမိုးရေးအတွက် ဘယ်လိုလည်ပတ်နေပါသလဲ။ ရာဂဏန်းရှိတဲ့ အကျဉ်းသားတွေကိုကော ဘယ်လိုကိုင်တွယ်နေပါသလဲ။ IEC တရားရေးဌာနရဲ့ ဒုတိယဌာနမှူး ခွန်းစာ ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။ 

မေးမြန်း- စောရယ်၊ တည်းဖြတ် – မြတ်ကြီး

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles