အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

တရုတ်ကြီး – ရှေ့တန်းစစ်မြေပြင်က သက်စွန့်ဆံဖျားကယ်ဆယ်ရေးသမား

ရှေ့တန်းစစ်မြေပြင်က ဒဏ်ရာရ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့အသက်ကို သက်စွန့်ဆံဖျား ကယ်ဆယ်ပေးနေတဲ့သူ့ကို ကရင်နီဒေသမှာ ‘တရုတ်ကြီး' လို့ လူသိများပါတယ်။ 

ရှေ့တန်းစစ်မြေပြင်က ဒဏ်ရာရ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့အသက်ကို သက်စွန့်ဆံဖျား ကယ်ဆယ်ပေးနေတဲ့သူ့ကို ကရင်နီဒေသမှာ ‘တရုတ်ကြီး’ လို့ လူသိများပါတယ်။ 

သူတို့အလုပ်က ကိုယ်တိုင်စစ်မတိုက်ရပေမယ့် လက်နက်ကိုင်တိုက်ပွဲဝင်ရဲဘော်တွေလိုပဲ အသက်အန္တရာယ်ကြားမှာ စွန့်စားရတာပါ။ ဒဏ်ရာရထားတဲ့ တပ်ဖွဲ့ဝင်တွေကို ကျည်ဆံတွေ၊ ဗုံးတွေကြားက ဆွဲထုတ်ပြီး အရေးပေါ်ကယ်ဆယ်၊ ကုသပေးရတာ ဖြစ်ပါတယ်။ 

ကူညီကယ်ဆယ်ရေးလုပ်ရင်း ဗုံးဆံ၊ အမြောက်ဒဏ်ထိလို့  သေဆုံးသွားတဲ့ ရှေ့တန်းဆေးတပ်သားတွေလည်း အများအပြား ရှိပါတယ်။ 

ဒီလိုစွန့်လွတ်စွန့်စားရတဲ့ ရှေ့တန်းစစ်မြေပြင်က ဆေးတပ်သားတွေထဲမှာ ခြောက်ပေကျော်မြင့်တဲ့ အရပ် ထောင်ထောင်မောင်းမောင်းနဲ့ ကိုအောင်ဇေယျလည်း ပါဝင်ပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အသက် ၂၉နှစ်အရွယ် ကိုအောင်ဇေယျဟာ  ကချင်-ရှမ်း-တရုတ်နွယ်ဖွား ဖြစ်လို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်အများစုက သူ့ကို ‘တရုတ်ကြီး’ လို့ပဲ ခေါ်ကြတာပါ။ 

သူဟာ နိုင်ငံအရှေ့ပိုင်း ကရင်နီဒေသက ဖရီးဘားမားရိန်းဂျား(Free Burma Ranger) တပ်ဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ဖြစ်ပါတယ်။ 

တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့မှာ မွေးဖွားပြီး၊ မန္တလေးမြို့မှာ ကြီးပြင်းခဲ့တဲ့ ကိုအောင်ဇေယျဟာလည်း စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ မြန်မာနိုင်ငံက များစွာသော ပြည်သူတွေထဲက ခေတ်ပညာတတ် လူငယ်တစ်ယောက် ဖြစ်ပါတယ်။ 

ပရဟိတစိတ်ရှိတဲ့ ကိုအောင်ဇေယျဟာ တိုက်ခိုက်ရေးမဟုတ်ဘဲ ကူညီကယ်ဆယ်ရေး လုပ်ချင်တာကြောင့် ဖရီးဘားမားရိန်းဂျားမှာ သင်တန်းတက်ခဲ့ပါတယ်။ ၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ သူဟာ ရိန်းဂျားတပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်လာပါတယ်။ 

စစ်မြေပြင် ဆေးဘက်ဆိုင်ရာတပ်သားတွေကို မွေးထုတ်ပေးနေတဲ့ ဖရီးဘားမားရိန်းဂျားရဲ့ လေ့ကျင့်ရေးသင်တန်းကာလဟာ သုံးလကနေ ခြောက်လအထိကြာပြီး၊ ပြင်းထန် ခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်မှုတွေကြောင့် နာမည်ကျော်ပါတယ်။ 

ကရင်နီပြည်နယ်မှာ တော်လှန်ရေးရဲဘော်တွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့တဲ့ ကိုအောင်ဇေယျဟာ တိုက်ပွဲတွေမရှိတော့တဲ့တစ်နေ့မှာတော့ သစ်ပင်စိုက်ပြီး မိသားစုဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းချင်တယ်လို့ သူ့ရဲ့အနာဂတ်အိပ်မက်ကို ဖွင့်ပြောပါတယ်။ 

လက်ရှိမှာတော့ မြန်မာနဲ့ ကမ္ဘာတစ်လွားက ဖိနှိပ်ခံပြည်သူတွေကို ကူညီဖို့အတွက် တိုက်ပွဲတွေရှိတဲ့နေရာမှာနေပြီး လူ့အသက်တွေကို ကယ်တင်နေဦးမယ်လို့ ကိုအောင်ဇေယျ ခေါ် တရုတ်ကြီးက ပြောလိုက်ပါတယ်။ 

မြတ်ကြီး/ Myanmar Now

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button