အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စစ်ကောင်စီ၏ သေမင်းတမန်စက်ရုံကို အသက်ဆက်ပေးနေသည့် တရုတ်အစိုးရပိုင်ကုမ္ပဏီများ

ပြည်သူများကို နေ့စဉ်တိုက်ခိုက်ရာတွင် သုံးသည့် လေတပ်သုံးဗုံးများ ထုတ်လုပ်နိုင်ရန် အရေးပါသည့် အကူအညီများမှာ တရုတ်အစိုးရကုမ္ပဏီတို့ထံမှ လာကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူများက ဆိုသည်။

ပြည်သူများကို နေ့စဉ်တိုက်ခိုက်ရာတွင် သုံးသည့် လေတပ်သုံးဗုံးများ ထုတ်လုပ်နိုင်ရန် အရေးပါသည့် အကူအညီများမှာ တရုတ်အစိုးရကုမ္ပဏီတို့ထံမှ လာကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူများက ဆိုသည်။

ထိုသို့ လေကြောင်းတိုက်ခိုက်မှုများ စဉ်ဆက်မပြတ်ပြုလုပ်ရာတွင် ကပစ ၂၁ သည် စစ်တပ်၏ အားကိုးရသော စက်ရုံတစ်ရုံဖြစ်သည်။

ကပစ ၂၁ သည် မကွေးတိုင်း ဆိပ်ဖြူမြို့နှင့် မိုင် ၃၀ ခန့်ရှိ ပေါက်ခုံရွာနှင့် ငှက်ပြာကြီးရွာအနီးတွင် ရှိပြီး ၂၀၀၄မှ၂၀၀၆ခုနှစ်အတွင်း တည်ဆောက်ခဲ့သည့် စက်ရုံဖြစ်သည်။ ထိုစက်ရုံတွင် စစ်တပ်အရာရှိ ၁၅၀ နှင့် ဝန်ထမ်း ၁၂၀၀ နီးပါးက လက်နက်များထုတ်လုပ်နိုင်ရန် နေ့စဉ်လုပ်ကိုင်ပေးနေသည်။ 

ကပစ ၂၁ အပါအဝင် စစ်တပ်၏ အသက်သွေးကြော လက်နက်ထုတ်စက်ရုံ ၂၅ ခုမှာ လူနေကျဲပြီး တောတောင်ထူထပ်သည့်နေရာများတွင် တည်ဆောက်ထားသည်။ ထိုနေရာများကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ရန် ခက်ခဲနိုင်သော်လည်း အခြေအနေမှာ အချိန်မရွေး ပြောင်းလဲသွားနိုင်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)က ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button