အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံ

“နောက်ဆုံးတော့ တရုတ်ရဲ့ ကြိုးကိုင်မှုကို ခံလိုက်ရတဲ့သဘောပဲ”

တရုတ်ရဲ့ ကြားဝင်မှုနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ထဲကို စစ်ကောင်စီတပ်ပြန်ဝင်လာပြီးလာ၊ လားရှိုးမြို့တော်ခန်းမရှေ့မြို့လည်အဝိုင်းမှာ လွှင့်ထူထားတဲ့ MNDAAနဲ့ ကိုးကန့်အထူးဒေသ(၁) အလံကို ပြန်လည်ဖြုတ်ချလိုက်ပါပြီ။

လားရှိုးမြို့ နောက်ဆုံးအခြေအနေ ဆက်သွယ်မေးမြန်းချက်

တရုတ်ရဲ့ ကြားဝင်မှုနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ထဲကို စစ်ကောင်စီတပ်ပြန်ဝင်လာပြီးလာ၊ လားရှိုးမြို့တော်ခန်းမရှေ့မြို့လည်အဝိုင်းမှာ လွှင့်ထူထားတဲ့ MNDAAနဲ့ ကိုးကန့်အထူးဒေသ(၁) အလံကို ပြန်လည်ဖြုတ်ချလိုက်ပါပြီ။

လက်ရှိ လားရှိုးမြို့မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် ရောက်နေပြီး MNDAA၊ တရုတ်နဲ့ စစ်ကောင်စီ သုံးပွင့်ဆိုင်ဆွေးနွေးနေကြပါတယ်။ မြို့တွင်းမှာလည်း တရုတ်နိုင်ငံရဲ့ အပစ်ရပ်စောင့်ကြည့်ရေး အဖွဲ့က ကားတွေလည့်ပတ်နေပါတယ်။

ဒါပေမဲ့ လားရှိုးကို ဘယ်သူက ဘယ်လိုပုံစံနဲ့ အုပ်ချုပ်မယ်ဆိုတာကိုတော့ အခုချိန်ထိ ရှင်းရှင်းလင်းလင်းမသိရသေးတာကြောင့် မြို့ခံတွေကြားမှာ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ဒီကနေ့ ဧပြီ ၂၂ရက်နေ့မှ မနက်မှာတော့ လားရှိုးမြို့ထဲကို စစ်တပ်ကောင်စီတပ်တွေရဲ့ ယာဉ်တန်း ဝင်ရောက်လာပါပြီ။

လက်ရှိ အခြေအနေတွေနဲ့ ပက်သက်ပြီး လားရှိုးမြို့မှာ လက်ရှိနေထိုင်တဲ့ မြို့ခံအမျိုးသမီးတစ်ဦးကို ဧပြီ ၂၁ရက်နေ့မှာ Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။

မေးမြန်း – ကိုလှိုင်း




နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button