အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံ

ယောတေးသံရှင်၊ ယောသီချင်းနဲ့ ယောတော်လှန်ရေး

သီချင်းတွေနဲ့သာ ဘဝကိုဖြတ်သန်းလိုတဲ့ ယောသားအဆိုတော် တောသားကြီးဟာ စစ်အာဏာသိမ်းမှုကြောင့် သူ့ရဲ့ အိပ်မက်တွေ ပျက်သွားခဲ့ပါတယ်။ အာဏာရှင်အောက်မှာ တော်လှန်ရေးကို မျက်ကွယ်ပြုပြီး သီချင်းတွေနဲ့ပဲ အရင်တိုင်းဖြတ်သန်းနေဖို့ သူလိပ်ပြာမသန့်ပါဘူး။ ဒါကြောင့်သူဟာ ဂီတအနုပညာကို တစ်ခန်းရပ်လိုက်ပြီး အာဏာရှင်တော်လှန်ဖို့ လက်နက်ကိုင် လမ်းကို ရွေးလိုက်ပါတယ်။

နိုင်ငံရေးဟာ လူတိုင်းနဲ့ဆိုင်တယ်လို့ ခံယူထားတဲ့ ကိုတောသားကြီးဟာ အာဏာသိမ်းစစ်တပ်ကို တော်လှန်ဖို့ နိုင်ငံသားတိုင်းဟာ ကိုယ်နိုင်ရာအခန်းကဏ္ဍကနေ ပါဝင်သင့်တယ်လို့ဆိုပါတယ်။

ယောဒေသကို ချစ်လို့ ယောသီချင်းတွေသာ အဆိုများတဲ့သူ့အနေနဲ့ တနိုင်ငံလုံး စစ်ကျွန်ဘဝက လွတ်မြောက်ရေးသာမက ယောဒေသရဲ့ ကံကြမ္မာဟာ ယောပြည်သူလူထုလက်ထဲမှာ ရှိရမယ်ဆိုတဲ့ ယောအမျိုးသားနိုင်ငံရေးကိုလည်း လျှောက်လှမ်းနေပါတယ်။

ယောတပ်တော် YA ရဲ့ ရဲဘော်တစ်ဦးဖြစ်တဲ့ ကိုတောသားကြီးအနေနဲ့ အနုပညာခရီးလမ်းကနေ တော်လှန်ရေးခရီးကြမ်းမှာ ဘယ်လိုတွေ ဖြတ်သန်းနေရသလဲ၊ သူ့ရဲ့ တော်လှန်ရေး နိုင်ငံရေး အမြင်က ဘယ်လိုရှိမလဲ…။ ဒီရုပ်သံမှာ ဂီတအနုပညာသမားတစ်ယောက်ရဲ့ တော်လှန်ရေးဖြတ်သန်းမှုကို ရိုက်ကူးတင်ဆက်ထားပါတယ်။

သတင်းနှင့်ရိုက်ကူး – ရွှေပြည်စိုး၊ တည်းဖြတ် – မြတ်ကြီး

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles