အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

သက်တမ်းနုနု ကြပ်ပြေးနေပြည်တော် မြို့တော်အဖြစ်ဆက်ရှိနေဦးမလား

သက်တမ်းနုနု ကြပ်ပြေးနေပြည်တော် မြို့တော်အဖြစ်ဆက်ရှိနေဦးမလား

စစ်ဗိုလ်ချုပ်များက ငလျင်ကြောကြီးပေါ်တွင် မြို့တော်သစ် တည်ဆောက်ခဲ့သည်၊ နိုင်ငံကို အုပ်ချုပ်ရန် အရည်အချင်းမရှိ၊ ပြည်သူကို စေတနာမရှိကြကြောင်း ကပ်ဘေးကာလတွင် ပိုထင်ရှားလာသည်။

စီးပွားရေးထိုး၍ကျဆင်းနေခြင်းကို မည်သို့ကြံဆရမှန်းမသိသော မင်းအောင်လှိုင်သည် ဒေါ်အောင်ဆန်းစုကြည် အမျှော်အမြင်ရှိရှိ စီစဥ်ခဲ့သော သဘာဝဘေးအန္တရာယ်ကြုံတွေ့ ပါက အသင့်သုံးစွဲနိုင်ရန် ထူထောင်ခဲ့သော နိုင်ငံတော်ရန်ပုံငွေ ကျပ်ဘီလီယံ (၄၀၀) ကို စီးပွားရေးဖွံ့ဖြိုးရေး အတွက် သီးသန့်ရန်ပုံငွေအဖြစ် ပြောင်းလဲသုံးစွဲခဲ့သည်။

ယခုစစ်ကိုင်းငလျင်ကို နှဖူးတွေ့ဒူးတွေ့ကြုံရသည့်အခါ ကျပ်ဘီလီယံ (၄၀၀) သည် ဇီးသီးဗန်းမှောက် ပျောက်ဆုံးသွားသလို၊ ရဟတ်ယာဥ်ကိုလည်း ပြည်သူအပေါ် ဗုံးကြဲသည့် စစ်ဆင်ရေးများတွင် အသုံးချနေပုံရပါသည်။

မြန်မာသည် မင်းဆိုးမင်းညစ် “မင်းအောင်လှိုင် အလွန်” နိုင်ငံတော်သစ် တည်ဆောက်နိုင်မှသာ ပြည်သူများ အတွက် အနာဂတ်ရှိမည်ဖြစ်ပြီး၊ ပြည်သူများသည် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးယူမှသာ ရနိုင်မည်ဖြစ်ကြောင်း ဆောင်းပါးရှင် ‘သုတဇော်’ ၏ အတွေးအမြင်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တင်ဆက် – ဟန်လင်း

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles