မန္တလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ပြင်းအားရစ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်နှင့် နောက်ဆက်တွဲငလျင်များကြောင့် လျှပ်စစ်ဓာတ်အားပေးစနစ်၊ လမ်းတံတားနှင့် စစ်ကောင်စီရုံးများ ထိခိုက်ပျက်စီးပြီး နေပြည်တော်အပါဝင် ငလျင်လှုပ်ခတ်ရာ နေရာများတွင် မီး၊ ရေ၊ ဆက်သွယ်ရေး ပြတ်တောက်နေကြောင်း သိရသည်။
ပြင်းထန်သည့် ငလျင်ကြောင့် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား အကြီးအကျယ် ထိခိုက်သွားပြီး ဝန်ကြီးဌာန ဝက်ဆိုက်များပင် အွန်လိုင်းမှ ပျောက်ကွယ်သွားသည်။
နေပြည်တော်တွင်မူ ဧပြီ ၁ရက်ညနေပိုင်းကစ၍ ရပ်ကွက်အချို့တွင် စတင်၍ လျှပ်စစ်မီး ပြန်ရနေကြောင်း သိရှိရသည်။



