အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“ပိတ်သိမ်းထားတဲ့ ပုဂ္ဂလိကကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ မဖြစ်မနေ ပြန်ဖွင့်ပေးဖို့လိုအပ်တယ်”

ငလျင်ကြောင့် လူထောင်ချီသေဆုံးမှုတွင် မနိုင်မနင်းဖြစ်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် အာဏာသိမ်းစစ်တပ်တွင် အဓိကတာဝန်ရှိကာ ငလျင်မတိုင်မီက ပိတ်သိမ်းထားသော ပုဂ္ဂလိကကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို မဖြစ်မနေ ပြန်ဖွင့်ပေးရန်လိုသည်ဟု စစ်ကောင်စီကိုတော်လှန်နေသူ အထင်ကရ CDM ဆရာဝန်တစ်ဦးက ပြောသည်။

ငလျင်ကြောင့် လူထောင်ချီသေဆုံးမှုတွင် မနိုင်မနင်းဖြစ်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် အာဏာသိမ်းစစ်တပ်တွင် အဓိကတာဝန်ရှိကာ ငလျင်မတိုင်မီက ပိတ်သိမ်းထားသော ပုဂ္ဂလိကကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို မဖြစ်မနေ ပြန်ဖွင့်ပေးရန်လိုသည်ဟု စစ်ကောင်စီကိုတော်လှန်နေသူ အထင်ကရ CDM ဆရာဝန်တစ်ဦးက ပြောသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ စစ်ကောင်စီက ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို အကွက်ကျကျ ဖျက်ဆီးခဲ့သည်။

ငလျင်မတိုင်မီ ရန်ကုန်မြို့တွင် သမိုင်း၊ ကောင်း၊ ကျန်းမာသုခနှင့် မြတ်တော်ဝင်ဆေးရုံ၊ မန္တလေးတွင် ကြယ်စင်လင်း၊ ဓူဝံ၊ မြို့တော်၊ နန္ဒဝန်၊ ဂန့်ဂေါ၊ ထက်နေလင်းနှင့် စိန်ပန်းဆေးရုံတို့ကို စစ်တပ်က ပိတ်သိမ်းခဲ့သည်။ ကြယ်စင်လင်းနှင့် ဓူဝံဆေးရုံပိုင်ရှင်များကို CDM ဝန်ထမ်းများအား ခန့်အပ်မှုဖြင့် စွပ်စွဲကာ ဖမ်းဆီးခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် ပြိုလဲပျက်စီးသွားသည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြေအနေများနှင့်ပတ်သက်ပြီး မိုးကုတ်မြို့မှ CDM ဆရာဝန်လည်းဖြစ်၊ လက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးမှ တာဝန်ရှိသူလည်းဖြစ်သူ ဒေါက်တာစိုးသူရဇော်နှင့် ဆက်သွယ်မေးမြန်းထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles