အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

တစ်မြို့လုံး အလောင်းတွေပုပ်ပွပြီး ရောဂါကူးစက်နိုင်တဲ့အထိ ဆိုးတယ်

“တစ်မြို့လုံး အလောင်းတွေပုပ်ပွပြီး ရောဂါကူးစက်နိုင်တဲ့အထိ ဆိုးတယ်” စစ်ကိုင်းမြို့အခြေအနေ ဆက်သွယ်မေးမြန်းချက်

လတ်တလော စစ်ကိုင်းမြို့မှာ ဒေသအခြေစိုက် လူမှုကူညီရေးအဖွဲ့တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ တစ်နိုင်တစ်ပိုင် လုပ်နေကြပေမယ့် စစ်ကိုင်းတိုင်းတစ်ခုလုံးကို မလွှမ်းခြုံနိုင်သေးသလို ငလျင်ကြောင့် ပြိုပျက်နေတဲ့ အဆောက်အဦတွေမှာ ပိတ်မိနေတဲ့ အလောင်းတွေဟာလည်း အနံ့တွေထွက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းမြို့မှာ လက်ရှိချိန်ထိ နောက်ဆက်တွဲ ငလျင်တွေဆက်တိုက်လှုပ်ခတ်နေသလို ဒေသခံ ပြည်သူတွေအနေနဲ့လည်း စားနပ်ရိက္ခ၊ ဆေးဝါးနဲ့ သောက်သုံးရေတွေ လိုအပ်နေပါတယ်။

ငလျင်ကြောင့် မြို့လုံးကျွတ်နီးပါး ပျက်စီးမှုကြီးမားခဲ့သလို လူအသေအပျောက်များခဲ့တဲ့ စစ်ကိုင်းမြို့မှာ ကူညီကယ်ဆယ်ရေး အဖွဲ့တွေကို စစ်တပ်က လွယ်လင့်တကူ လာရောက်လို့မရအောင် ပိတ်ဆို့ စစ်ဆေးမှုတွေရှိနေပြီး သူတို့ခွင့်ပြုချက်ရှိမှာသာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခွင့်ပြုထားတယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းမြို့ရဲ့ လက်ရှိ ကူညီကယ်ဆယ်ရေး အခြေအနေတွေ ၊ မြို့ပျက်စီးမှု အနေအထားတွေအပါအဝင် ငလျင်လှုပ်ချိန်မှာ ကိုယ်တိုင်အသက်ဘေးကနေ လွတ်မြောက်လာခဲ့တဲ့ စစ်ကိုင်းမြို့ဒေသခံတစ်ဦးကို မတ်လ ၃၀ရက်နေ့ ညပိုင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles