အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“ဒီငလျင်ရဲ့ အကျိုးဆက်က မိုးဦးထိဆက်ပြီး ဒုက္ခပေးနိုင်တယ်” ဦးစိုးသူရထွန်း (မြေငလျင်ပညာရှင်)

“ဒီငလျင်ရဲ့ အကျိုးဆက်က မိုးဦးထိဆက်ပြီး ဒုက္ခပေးနိုင်တယ်” ဦးစိုးသူရထွန်း (မြေငလျင်ပညာရှင်)

ယနေ့ (မတ် ၂၈) က လှုတ်ခတ်သွားသည့် မြေငလျင်သည် မြန်မာ့သမိုင်း နှစ် ၁၀၀ ကျော်အတွင်း အပြင်းထန်ဆုံး ငလျင်ဖြစ်ပြီး ငလျင်၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ကာကွယ်နိုင်ရန် လိုအပ် သည်ဟု မြေငလျင်ပညာရှင်တစ်ဦးဖြစ်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဖြစ်သူ ဦးစိုးသူရထွန်းက Myanmar Now ကို ပြောသည်။

မြေငလျင်ဒဏ်ကြောင့် နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သည့် ရေလှောင်တမံများပြိုကျ ပျက်စီနိုင်ပြီး၊ တောင်ပြို၊ မြေပြိုခြင်းများလည်း ဖြစ်ပွားလာနိုင်သည်၊ NUG အစိုးရ၏ စိုးမိုးနယ်မြေများတွင် ငလျင်ဒဏ် ခံစားနေရသည့် ပြည်သူများကို အကူအညီများပေးအပ်နိုင်ရန် စီစဉ်နေသည်ဟု ၎င်းက ပြောသည်။

မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်က စစ်ကိုင်းမြို့တောင်ဘက် ၁၈ ကီလိုမီတာအကွာတွင် ဦးတည်လှုပ်ခတ်ခဲ့သော ၇.၇ ရစ်ချက်စတာစကေးရှိ ပြင်းထန်သည့် မြေငလျင်ကြောင့် နေပြည်တော်၊ စစ်ကိုင်းနှင့် ကျောက်ဆည်တို့တွင် ၁၄၆ ဦး သေဆုံးခဲ့သည့် အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

မြေငလျင်ဒဏ်ကြောင့်ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ဆိုးကျိုးများ၊ အာဏာသိမ်း စစ်ကောင်စီ ၏ အားနည်းချက်များ၊ နိုင်ငံတကာအကူအညီများ အခြေအနေနှင့် ပြည်သူတစ်ဦးချင်းပြင်ဆင် ထားရန် လိုအပ်ချက်များနှင့် ပတ်သတ်ပြီး မြေငလျင်ပညာရှင် ဦးစိုးသူရထွန်း ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။

မေးမြန်း – ကိုချို





Related Articles

Back to top button