အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“ဒေါက်တာမြစိုးအောင်က နှမ်းခါးရွာအတွက် စွမ်းစွမ်းတမံ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာ”

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက အိမ်ခြေတစ်ထောင်လောက်ရှိတဲ့ နှမ်းခါးကျေးရွာဆေးခန်းကို မတ်လ ၂၂ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီလေတပ်က ဗုံးကြဲချခဲ့တာကြောင့် ဆရာဝန်မိသားစုနဲ့ ဆေးခန်းလာပြတဲ့ လူနာတွေအပါအဝင် စုစုပေါင်း လူ ၁၁ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက အိမ်ခြေတစ်ထောင်လောက်ရှိတဲ့ နှမ်းခါးကျေးရွာဆေးခန်းကို မတ်လ ၂၂ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီလေတပ်က ဗုံးကြဲချခဲ့တာကြောင့် ဆရာဝန်မိသားစုနဲ့ ဆေးခန်းလာပြတဲ့ လူနာတွေအပါအဝင် စုစုပေါင်း လူ ၁၁ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။

အဲ့ဒီ ဗုံးကြဲမှုကြောင့် မိသားစုလိုက် သေဆုံးသွားခဲ့တဲ့ ဆရာဝန်မိသားစုကတော့ ဒေါက်တာမြစိုးအောင်၊ သူ့ရဲ့ ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့ အသက် ၅နှစ်အရွယ် သူတို့ရဲ့ သားဖြစ်သူတို့ ဖြစ်ကြပါတယ်။

စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွယ်လွန်ချိန်မှာ အသက် ၄၀အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာမြစိုးအောင်ဟာ မကွေးဆေးတက္ကသိုလ် အပတ်စဉ် ၂ကဖြစ်ပြီး ဆေးကျောင်းသားဘဝကတည်းက အနေအေးသူတစ်ယောက်ဖြစ်တယ်လို့ မိတ်ဆွေဆရာဝန်တစ်ဦးက ပြောပြပါတယ်။

၂၀၂၁ စစ်တပ်အာဏာမသိမ်းခင်အထိတော့ အထက်တန်းသူနာပြုဖြစ်တဲ့ သူ့ရဲ့အမျိုးသမီး ဒေါ်ခိုင်နှင်းဝေနဲ့အတူ ကလေးမြို့နယ်၊ တင်သားတိုက်နယ်ဆေးရုံမှာ တိုက်နယ်ဆရာဝန်အဖြစ် ဒေါက်တာမြစိုးအောင် တာဝန်ထမ်းခဲ့ပါတယ်။

အာဏာသိမ်းကာလ အစောပိုင်းမှာကတည်းက အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ပြီး စစ်ကိုင်းတိုင်းထဲက ရွာတစ်ရွာမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၄ခုနှစ်၊ စက်တင်ဘာလနှောင်းပိုင်းမှာတော့ နှမ်းခါးရွာကို ရောက်လာပြီး ဒေသခံတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေချိန်မှာ စစ်တပ်လက်ချက်နဲ့ မိသားစုလိုက်သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

နှမ်းခါးရွာဆေးခန်းကို ၂၀၂၄နှစ်ကုန်ပိုင်းတုန်းက ကိုယ်တိုင်ရောက်ရှိခဲ့တဲ့ မိတ်ဆွေဆရာဝန် ဒေါက်တာရဲထွန်းဇော်ကတော့ ဒေါက်တာမြစိုးအောင်ဟာ နှမ်းခါးရွာအတွက် စွမ်းစွမ်းတမံ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတာ တွေ့ခဲ့ရတဲ့အကြောင်း ပြောပြပါတယ်။



နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button