အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ဗုံးခိုကျင်းတွေတူးဖို့ လှုံ့ဆော်ခဲ့သူ စစ်မက်ဇုန်ထဲက CDM ကထိက

ဒေသခံပြည်သူတွေ ဗုံးခိုကျင်းတူးနိုင်အောင် လိုက်လံကူညီပေးနေသလို အသိပညာပေးလုပ်ငန်းတွေကိုပါ ဒေါ်ရတီအုန်း စတင်လုပ်ကိုင်နေတာ ပြီးခဲ့တဲ့နှစ်တွေထဲကပါ။

ဒေသခံပြည်သူတွေ ဗုံးခိုကျင်းတူးနိုင်အောင် လိုက်လံကူညီပေးနေသလို အသိပညာပေးလုပ်ငန်းတွေကိုပါ ဒေါ်ရတီအုန်း စတင်လုပ်ကိုင်နေတာ ပြီးခဲ့တဲ့နှစ်တွေထဲကပါ။

စစ်ကောင်စီလေတပ်က စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦနဲ့ ဆေးရုံ၊ဆေးခန်းစတဲ့ အရပ်သားပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ကျူးလွန်နေတာကြောင့် ဗုံးခိုကျင်းတွေတူးဖို့ လိုအပ်တာလို့ ဒေါ်ရတီအုန်းက ပြောပါတယ်။

သူ့ရဲ့အတွေ့အကြုံအရ လေကြောင်းတိုက်ခိုက်ချိန် ဗုံးခိုကျင်းထဲရောက်နေသူတိုင်း အသက်ရှင်သန်ကြတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့က အစိုးရနည်းပညာအထက်တန်းကျောင်းမှာ ကထိက/ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါ်ရတီအုန်းဟာ စစ်တပ်အာဏာသိမ်းပြီးချိန်မှာတော့ စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းလိုတာကြောင့် အာဏာဖီဆန်ခဲ့သူ CDM တစ်ယောက် ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကိုင်းတိုင်းထဲက ကလေးခရိုင်နဲ့ တမူးခရိုင်တို့မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး လုပ်ငန်းတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို မြေပြင်မှာနေထိုင်ပြီး လုပ်ကိုင်နေပါတယ်။

စစ်မက်ဇုန်ထဲက အရပ်သားပြည်သူတွေ ဗုံးခိုကျင်းတူးဖို့ ဘာကြောင့် လိုအပ်နေတာပါလဲ၊ ဗုံးခိုကျင်းက အသက်အန္တရာယ်ကို ဘယ်လောက်အထိ အကာအကွယ်ပေးနိုင်ပါသလဲ။ မြေပြင်က လေကြောင်းတိုက်ခိုက်မှု အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ဒေါ်ရတီအုန်းကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။

မေးမြန်း- ကိုလှိုင်း



နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles