အာရက္ခတပ်တော်(AA) သည် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်မောင်အေးတို့၏ သားသမီးများကို အကြမ်းဖက်အဖွဲ့ နှင့်ပတ်သက်သူများဟု သတ်မှတ်ပြီး ငပလီကမ်းခြေမှ ဟိုတယ်နှစ်လုံးကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ချိပ်ပိတ်သိမ်းယူလိုက်သည်။
အဆိုပါဟိုတယ်များမှာ ဗိုလ်ချုပ်သန်းရွှေ၏သား ဦးသန့်ဇော်ရွှေပိုင် Thande Beach Hotel – Ngapali (သံတဲကမ်းခြေဟိုတယ်-ငပလီ)၊ ဗိုလ်ချုပ်မောင်အေး၏သမီး ဒေါ်နန္ဒာအေးပိုင် Pristine Mermaid Resort ဟိုတယ်တို့ဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်သို့ မေးတင်ထားသည့် မြန်မာနိုင်ငံ၏အလှပဆုံးကမ်းခြေမှ ထိုဟိုတယ်နှစ်လုံး ဆောက်လုပ်ရန် မြေနေရာအတွက် စစ်တပ်ကဒေသခံလယ်သမားများကို ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ခြိမ်းခြောက်မောင်းထုတ်ခဲ့သည်။
ထိုမိသားစုများသည် ကမ်းခြေဇိမ်ခံဟိုတယ်လုပ်ငန်းမှ အကျိုးအမြတ်များ ဆယ်စုနှစ်နှစ်ခုနီးပါးကြာ ရရှိနေခဲ့ရာမှ ပြီးခဲ့သည့်နှစ် နှစ်လယ်ပိုင်းတွင် AA က ငပလီကမ်းခြေကို သိမ်းပိုက်ခဲ့ပြီးနောက် ၎င်းတို့၏စီးပွားရေးလုပ်ငန်းများကို စွန့်လွှတ်လိုက်ရပြီဖြစ်သည်။
တင်ဆက် – ဟန်လင်း



