အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် အပါအဝင် ဘယ်အာဏာရှင်ကိုမှ နေရာမရစေရဘူး

တော်လှန်ရေးကာလ ၄နှစ်ကျော်အတွင်း ပြည်သူလူထုရဲ့ ကြံ့ကြံ့ခံရပ်တည်မှုဟာ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်အပါအဝင် ဘယ်လိုအာဏာရှင်မျိုးမဆို ဘယ်သောအခါမှ နေရာမရှိစေရဆိုတဲ့ သတင်းစကားပေးနိုင်ခဲ့ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

တော်လှန်ရေးကာလ ၄နှစ်ကျော်အတွင်း ပြည်သူလူထုရဲ့ ကြံ့ကြံ့ခံရပ်တည်မှုဟာ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်အပါအဝင် ဘယ်လိုအာဏာရှင်မျိုးမဆို ဘယ်သောအခါမှ နေရာမရှိစေရဆိုတဲ့ သတင်းစကားပေးနိုင်ခဲ့ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

တိုင်းပြည်အတွက် အနာဂတ်ရှိတဲ့ တော်လှန်ရေးဟာ နိုင်ကိုနိုင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ လက်ရှိတာဝန်တွေကို ထမ်းဆောင်နေတာလို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

အသက် ၄၉နှစ်အရွယ် ဒေါ်ဇင်မာအောင်ဟာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး၊ ၂၀၁၅နဲ့ ၂၀၂၀ ရွေးကောက်ပွဲ နှစ်ကြိမ်တိုင် ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားပြု အနိုင်ရခဲ့သူ ဖြစ်ပါတယ်။

၂၀၂၁၊ ဖေဖော်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးတဲ့နောက် လပိုင်းအကြာမှာ ပေါ်ပေါက်လာတဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG မှာ ဒေါ်ဇင်မာအောင်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် လက်ရှိ တာဝန်ယူထားပါတယ်။

အမေရိကန်သမ္မတ အပြောင်းအလဲနဲ့အတူ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း ပြောင်းလဲမှုနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံတို့ရဲ့ ရပ်တည်မှုတွေဟာ မြန်မာ့နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်ထိ ရိုက်ခတ်မှု ကြီးမားပါသလဲ၊ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဒေါ်ဇင်မာအောင် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေးမြန်း – မျိုးသန့်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button