အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်က အကြမ်းဖက်စီးနင်းစဉ် အမျိုးသမီးတစ်ဦး သေဆုံး

ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ် ၉၁ လမ်း၌ ယနေ့ (မတ် ၂၁) နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ အိမ်ထဲဝင်၍ အကြမ်းဖက်စီးနင်းစဉ် အမျိုးသမီးတစ်ဦး အထပ်မြင့်တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည်။ 

မင်္ဂလာတောင်ညွန့်မြို့နယ် ၉၁ လမ်းရှိ တိုက်နံပါတ် ၁၀၀၊ ၆ လွှာသို့ စစ်ကောင်စီလက်နက်ကိုင်များ ဝင်ရောက်စီးနင်းစဉ် သေနတ်သံ ၅ ချက်ခန့် ကြားရပြီးနောက် အဆိုပါအမျိုးသမီးသည် တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည်။ အဆိုပါအမျိုးသမီးသေဆုံးမှုတွင် စစ်ကောင်စီတပ်ဖွဲ.များ၏ တိုက်ခိုက်မှုကြောင့်လော၊ သို့တည်းမဟုတ် ထိုအမျိုးသမီးက စစ်ကောင်စီတပ်ဖွဲ.များဖမ်းဆီးခံရမှုမရရှိအောင် ပြေးလွှားစဥ◌် မတော်တဆပြုတ်ကျခဲ့သလောဆိုသည်မှာရှင်းလင်းမှုမရှိပေ။ 

“အခန်းတွေကို သေနတ်တွေနဲ့ ချိန်ထားတော့ ကျွန်တော်တို့ သေသေချာချာတော့ မကြည့်ရဲဘူး။ သေနတ်သံတွေကြားရပြီးနောက် အော်သံတွေ ကြားရတယ်။ Sun Shade (နေကာ) ပေါ်ကို တစ်ခုခုပြုတ်ကျသလိုအသံ ကြားလိုက်ရတယ်။ အမတစ်ယောက် မျက်နှာနဲ့ ပြုတ်ကျသွားတာ တွေ့ရတယ်။ Sun Shade လည်း နှစ်ခြမ်းကွဲသွားတယ်” ဟု အဆိုပါရပ်ကွက်တွင် နေထိုင်သူတစ်ဦးက Myanmar Now က ပြောသည်။ 

ခုန်ချခဲ့သူ အမျိုးသမီးသည် တိုက် ၁၀၀ ရှိ ၆ လွှာတွင် သူငယ်ချင်းနှစ်ဦးနှင့်အတူ ငှားရမ်းနေထိုင်သူဖြစ်ပြီး မည်သူမည်ဝါ မသိရသေးဘဲ အဆိုပါအမျိုးသမီးနှင့်အတူ နေထိုင်သူ အခြားအမျိုးသမီးနှစ်ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အဲဒီအမက မျက်နှာနဲ့ အပ်ပြီးကျတာ။ သူ့ကို စစ်တပ်နဲ့ရဲက လူနာတင်ယာဉ်ပေါ်တင်ပြီး ခေါ်သွားတယ်” ဟု အထက်ပါ ရပ်ကွက်တွင်းနေသူ အမျိုးသားက ဆိုသည်။

စစ်တပ်က ဝင်ရောက်စီးနင်းစဉ် တိုက်အမြင့်ပေါ်မှ ပြုတ်ကျသူအမျိုးသမီးသည် ဆရာဝန်တစ်ဦးဖြစ်ကြောင်း၊ လက်ရှိတွင် သေဆုံးသွားပြီဟု သတင်းများထွက်ပေါ်နေသော်လည်း Myanmar Now အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။ 

Myanmar Now သို့ ပေးပို့လာသော ဓာတ်ပုံများအရ ခန္ဓာကိုယ်မှောက်လျက် ပြုတ်ကျထားသူ အမျိုးသမီး ၏ ဦးခေါင်းပတ်လည် နေရာတဝိုက်တွင် သွေးများအိုင်ထွန်းနေသည်ကို တွေ့ရသည်။ 

ထိုအမျိုးသမီးနေထိုင်သည့် တိုက်နှင့် ဘေးချင်းကပ်ရပ်တွင်ရှိသော တိုက်နံပါတ် ၁၀၂ မြေညီထပ်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့သည်ဟု သိရသည်။ 

တိုက်နံပါတ် ၁၀၂ မြေညီထပ်တွင်  We love Yangon ပရဟိတကူညီကယ်ဆယ်ရေးအသင်းက ရုံးခန်းဖွင့် လှစ်ထားပြီး အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူများကို ပံ့ပိုးရန် အလှူငွေများ၊ ပစ္စည်းများနှင့် ဆေးပစ္စည်းများထားရှိသည့် နေရာဖြစ်သည်။

“ပရဟိတအဖွဲ့ရှိတဲ့အခန်းက ဆိုင်းဘုတ်တောင် မရှိပါဘူး။ လမ်းထဲမှာရှိတာလည်း အနည်းစုလောက်ပဲသိတာ။ အခုမနက် အဲဒီအခန်းကို ဝင်စီးတယ်။ We Love Yangon အဖွဲ့က ဘယ်သူမှတော့ မရှိဘူး။ ပစ္စည်းတွေကို‌တော့ ကားပေါ်တင်သွားတယ်။ ဖျက်ဆီးခဲ့တာတွေလည်း ရှိတယ်။ အဲဒါက တိုက်နံပါတ် ၁၀၂။ အဲဒီတိုက်ရဲ့ ခေါင်းရင်းခန်းက တိုက်နံပါတ် ၁၀၀ ပေါ်ကို စစ်သားတွေတက်သွားတယ်။ ပြီးတော့ အမျိုးသမီးတစ်ယောက်ပြုတ်ကျသွားတာ” ဟု အဆိုပါလမ်းအတွင်းနေထိုင်သူ အမျိုးသားတစ်ဦးကလည်း Myanmar Now ကို ပြောသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles