ကုန်သွယ်ရေးစစ်ပွဲဆိုတာ လွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့တာပါ။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီးနောက် အမေရိကန်ဦးဆောာင်တဲ့ လွတ်လပ်တဲ့ကုန်သွယ်ရေးစနစ်ကြီးပေါ်ထွက်လာပြီး၊ ဒါ့ကြောင့် ကမ္ဘာ့စီးပွားရေးဟာ တဟုန်ထိုးအရှိန်ကောင်းလာခဲ့ပါတယ်။
ဒုတိယအကြိမ်သမ္မတဖြစ်လာတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဒီစနစ်ကြီးဟာ အမေရိကန်ကိုအကျိုးမပြုဘူးဆိုပြီး သွင်းကုန်စည်းကြပ်ခွန်တွေကို တရုတ်၊ ကနေဒါ၊ မက္ကဆီကို အပါအဝင် ဥရောပ၊ သြစတြေးလျား မဟာမိတ်နိုင်ငံတွေနဲ့ ပြိုင်ဖက်နိုင်ငံတွေရဲ့ ကုန်တွေအပေါ် တိုးမြှင့်ကောက်ခံနေပါပြီ။
ဒီနိုင်ငံတွေကလည်း အမေရိကန်ကုန်တွေကို တန်ပြန်အခွန်မြှင့်ပြီး ကောက်ခံလို့ ကမ္ဘာ့ ကုန်သွယ်ရေးစစ်ပွဲကြီးဟာ စတင်နေပါပြီ။
ဒီအခြေအနေတွေကို လေ့လာထားတဲ့ မူဝါဒရေးရာလေ့လာသုံးသပ်သူ ဦးခိုင်ဝင်းရဲ့ ဆောင်းပါးကို တင်ဆက်လိုက်ပါတယ်။
တင်ဆက် – ဟန်လင်း
