ရုပ်သံရုပ်သံသတင်း

မြန်မာမှာ ရတနာတူးဖို့ ဖိတ်ခေါ်တာဟာ ရုရှားကို စစ်ပွဲထဲ ဆွဲသွင်းလိုက်ခြင်းလား

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နိုင်ငံအလယ်ပိုင်းက မိုးကုတ်မြို့၊ ကချင်တပ် KIA နဲ့ NUG တို့ ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ နိုင်ံငံမြောက်ပိုင်းက ဖားကန့်၊ ခန္တီး၊ တနိုင်း၊ မိုးညှင်း စတဲ့ မြို့ တွေမှာ ရုရှားတို့အတွက် ကျောက်မျက်နဲ့ဓာတ်သတ္တုတူးဖော်ရေးလုပ်ကွက်တွေ ချပေးမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က မော်စကိုခရီးစဉ်အတွင်း ရုရှားအစိုးရနဲ့ စီးပွားရေးသမားတွေကို ကမ်းလှမ်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ရက်နေ့က မော်စကိုမှာ ကျင်းပတဲ့ မြန်မာ-ရုရှားစီးပွားရေးဖိုရမ်မှာ ရုရှားဘက်ကို စစ်ကောင်စီက ကမ်းလှမ်းမှုတွေကို ချပြခဲ့တာလို့ အဲ့ဒီပွဲအကြောင်း သိသူတစ်ဦးက ဆိုပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို မော်စကိုက စစ်ကောင်စီသံရုံး၊ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နဲ့ Myanmar Airways International (MAI)တို့က စစ်ကောင်စီဘက်က ပူးပေါင်းခဲ့ကြပါတယ်။ UMFCCI ဆိုတာက ၂၀၂၁ အာဏာသိမ်းပြီးချိန်ကတည်းက စစ်ခေါင်းဆောင်ကို သစ္စာခံပါမယ်လို့ ကတိပေးခဲ့သူ စီးပွားရေးသမားတွေ ဦးဆောင်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ဒီဒေသတွေဟာ စစ်ကောင်စီရဲ့ အာဏာသက်ရောက်မှု လုံးဝမရှိတဲ့နယ်မြေတွေ နဲ့ တစိတ်တပိုင်းသာ ထိန်းချုပ်နိုင်တဲ့ နယ်မြေတွေ ဖြစ်နေတဲ့ အတွက် ရုရှားဘက်က စိုးရိမ်မှုတွေ ရှိနေတာပါ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ရုရှားတို့ရဲ့ စိုးရိမ်ပူပန်မှုကို နှစ်သိမ့်ခဲ့ပြီး စီးပွားရေး လုပ်ချင်ကိုင်ချင်စိတ်သာ အရေးကြီးကြောင်း ချွေးသိပ်ခဲ့ပါတယ်။

တင်ဆက် – မြတ်ကြီး

Show More

Related Articles

Back to top button