အိမ်နီးချင်းတရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က မြန်မာပြည်သူတို့၏ ဆန္ဒကို မျက်ကွယ်ပြုကာ အာဏာသိမ်းစစ်တပ်ကို ပံ့ပိုး၊ ကူညီနေခြင်းကြောင့် တော်လှန်ရေးအတွက် ပိုခက်ခဲနိုင်သည်ဟု ထင်ရှားသည့် သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက ပြောကြားလိုက်သည်။
မန္တလေးတွင် အာဏာသိမ်းစစ်တပ်ကို လမ်းပေါ်ထွက်ပြီး ဆန့်ကျင်ဆန္ဒပြရန် ဦးဆောင်ခဲ့သည့် ဒေါက်တာတေဇာစန်းသည် ယခုအခါ သူ၏ဇာတိ အညာဒေသ အပါအဝင် တော်လှန်ရေးအင်အားစု လှုပ်ရှားသည့် နယ်မြေများတွင် ကွင်းဆင်းလှုပ်ရှားနေသည်။
၂၀၂၅ခုနှစ်အတွင်း ဖြစ်လာနိုင်သည့် တော်လှန်ရေးအရွေ့နှင့် မြေပြင်အခြေအနေများ အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး ဒေါက်တာတေဇာစန်း ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။
မေးမြန်း – ကိုလှိုင်း
နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း
Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။
Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။
မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။



