ဥရောပတိုက်က ဒီမိုကရေစီရေးလှုပ်ရှားသူ အီဂေါနှင့် တွေ့ဆုံမေးမြန်းချက်
ယခုရက်ပိုင်း ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့ မင်းအောင်လှိုင်ဟာ သူ့ခရီးစဥ်မသွားမီ ဆင် ၆ ကောင်ကို မြန်မာပြည်ကနေ မော်စကိုမြို.ကို ပို့ပေးပြီး ရုရှားသမ္မတပူတင်ကို ဆက်သခဲ့ပါတယ်။
ရုရှားဆီက တိုက်လေယဥ် ၆ စီးဒီနှစ်ဆန်းမှာ ဝယ်ယူခွင့်ရလို့ သူ့အနေနဲ့ ဆင်တွေကို လက်ဆောင်ပြန်ပေးတယ်ဆိုပေမယ့် ဒါဟာအာရှကပဒေသရာဇ်တွေရဲ့အစဥ်အလာမှာတော့ အင်အားကြီးနိုင်ငံတစ်နိုင်ငံရဲ. သစ္စာခံတယ်ဆိုတဲ့ သဘောသက်ရောက်ပါတယ်။
ကရင်မလင်နန်းတော်မှာ ပူတင်နဲ့တွေ့အခါ စိတ်ပိုင်းဆိုင်ရာအလွန်လှုပ်ရှားနေတဲ့ မင်းအောင်လှိုင်ဟာ ပူတင်ကို ဗုဒ္ဓကဗျာဒိတ်တော်ပေးထားတဲ့ ရုရှားဘုရင်ကြီးဖြစ်ကြောင်း ရွှန်းရွှန်းဝေဝေအောင် ချီးမွမ်းထောပနာပြုလို့ ပူတင်ကလည်း အင်မတန်သဘောခွေ့တယ်လို့ သိရှိရပါတယ်။
မြန်မာသတင်းတွေမှာ ဒီခေါင်းစဥ်ဟာ လူစိတ်ဝင်စားစရာဖြစ်ပေမယ့် တကယ်အရေးပါတာကတော့ စစ်ကောင်စီနဲ့ ရုရှားတို့များစွာသော စီးပွားရေးဆိုင်ရာ သဘောတူညီချက်တွေ နားလည်မှုစာချွှန်လွှာ လက်မှတ်ထိုးခဲ့ပါတယ်။
တယ်လီကွန်ဆက်သွယ်ရေး၊ သတင်းအချက်အလက်နည်းပညာ၊ သတ္ထုသယံဇာတရှာဖွေတူးဖော်ရေး၊ အလုပ်သမားတင်ပို့ရေး၊ ခရီးသွား၊ ပညာရေး၊ အစားအသောက်ကဏ္ဍနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ဖော်ဆောင်ရေး အမျိုးမျိုးသောလုပ်ငန်းတွေမှာ စစ်ကောင်စီက ရုရှားနဲ့တွဲလုပ်လိုတယ်ဆန္ဒရှိပါတယ်။
အကယ်၍ ဒီစီမံကိန်းတွေ၊ လုပ်ငန်းတွေမှာ ရုရှားနိုင်ငံကသာ ထဲထဲဝင်ဝင်လုပ်လာခဲ့ရင်တော့ တရုတ်နိုင်ငံနဲ့လည်း ဆက်ဆံရေးကောင်းရှိတယ်လို့ မဆိုနိုင်တဲ့မင်းအောင်လှိုင်အတွက် တရုတ်ကိုပါ အာခံနိုင်တော့မှာလား။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး Myanmar Now က ဥရောပတိုက် ချက်ရီပါဘလစ်နိုင်ငံမှာနေတဲ့ အီဂေါဘလဲဇာဗစ်ကို မေးမြန်းထားပါတယ်။
နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း
Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။
Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။
မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။



