နိုင်ငံတစ်ဝှမ်း လျှပ်စစ်မီးမှန်မှန်မပေးနိုင်ပေမယ့် ကားတင်သွင်းဖြန့်ချိရေးလုပ်ငန်းဖြစ်တဲ့ Prime Auto ကုမ္ပဏီက စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ(MEHL)ဆီက မြေငှားရမ်းပြီး BYD အမှတ်တံဆိပ် တရုတ်လျှပ်စစ်ကားတွေ တပ်ဆင်ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
နေ့စဉ် အသုံးများတဲ့ Power Bank အားသွင်းဖို့ လျှပ်စစ်ဓာတ်အား မရကြတဲ့ အခြေအနေမှာ တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားတွေ မြန်မာနိုင်ငံကို တင်သွင်းရောင်းချနေတာကြောင့် အများရဲ့ လှောင်ပြောင်သရော်မှုတွေ ကျယ်ကျယ်ပြန့်ပြန် ထွက်ပေါ်နေချိန်မှာ ပြည်တွင်းမှာ လျှပ်စစ်ကားထုတ်မယ့် ခြေလှမ်းစတင်လာတာပါ။
အမေရိကန်လျှပ်စစ်ကားကုမ္ပဏီ Tesla နဲ့အပြိုင် ကမ္ဘာ့ဈေးကွက်ထဲမှာ လျှပ်စစ်ကားတွေထုတ်လုပ်နေတဲ့ BYD ကားတွေကို ပဲခူးမြို့အနီးမှာ စက်ရုံဆောက်ပြီး တပ်ဆင် ထုတ်လုပ်မယ်လို့ သိရပါတယ်။
အောင်နိုင်၊ မြတ်ကြီး
