အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

မိုးဗြဲမြို့ ပြန်ရရန် စစ်ကောင်စီ အသည်းအသန် ကြိုးပမ်းနေ

ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ကို ပြန်လည်သိမ်းပိုက် နိုင်ရန် စစ်ကောင်စီတပ်က ယခုနှစ်ဆန်းပိုင်းမှစတင်ကာ အပြင်းအထန် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲ ပြင်းထန်နေကာ နှစ်ဖက်အကျအဆုံးများရှိနေကြောင်း ကရင်နီတော်လှန်ရေးတပ်များထံက သိရသည်။

ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ကို ပြန်လည်သိမ်းပိုက် နိုင်ရန် စစ်ကောင်စီတပ်က ယခုနှစ်ဆန်းပိုင်းမှစတင်ကာ အပြင်းအထန် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲ ပြင်းထန်နေကာ နှစ်ဖက်အကျအဆုံးများရှိနေကြောင်း ကရင်နီတော်လှန်ရေးတပ်များထံက သိရသည်။

ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များ မိုးဗြဲမြို့ကို သိမ်းပိုက်ခဲ့ပြီး တစ်နှစ်ကျော်အကြာတွင် စစ်ကောင်စီက ပြန်သိမ်းရန် မြေပြင်ထိုးစစ်ဆင်လာခြင်းဖြစ်သည်။

မြို့မြောက်ဘက် ၂ မိုင်ခန့်အကွာ မိုးဗြဲဆည်ဘေးရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၄၂၂) တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးဗြဲမြို့ကို ဦးတည်၍ စစ်ကြောင်းထိုးနေရာ တော်လှန်ရေးတပ်များက ခုခံတိုက်နေသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟို ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောသည်။

“တော်လှန်ရေးတပ်ဖွဲ့တွေကလည်း တောက်လျှောက် ခုခံတိုက်ခိုက်နေတယ်။ အပြန်အလှန် တိုက်ခိုက်ရင်း နဲ့ သူတို့ (စစ်ကောင်စီ)ဘက်က ကာကင်းတွေတချို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်တယ်။ တစ်ဖန်ပြန်ဆုတ်သွားတာမျိုးတွေ၊ ထပ်ပြီးတော့မှ တိုးလာတာမျိုးတွေက ဒီရက်ထဲမှာ ပြင်းထန်နေတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

စောရယ်၊ မြတ်ကြီး



နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles