အမဲလိုက်တူမီးသေနတ်နဲ့ စတင်ခဲ့တဲ့ ယောဒေသ လက်နက်ကိုင် တော်လှန်ရေးဟာ အစောပိုင်းကတည်းက အားကောင်းခဲ့ပါတယ်။ အစပိုင်းမှာ ဒေသကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းလှုပ်ရှားခဲ့ကြသလို တော်လှန်ရေးအစိုးရ NUG ရဲ့ ကွပ်ကဲမှုအောက်ကနေ ခရိုင်တပ်ရင်းတွေအဖြစ် ရပ်တည်ခဲ့ကြတဲ့အဖွဲ့တွေလည်း ရှိပါတယ်။
ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ယောဒေသဟာ မကွေးတိုင်းအနောက်ခြမ်းမှာ တည်ရှိပြီး ထီးလင်း ၊ဂန့်ဂေါ၊ ကျောက်ထု၊ ဆော၊ ကျော၊ လောင်းရှည် စတဲ့ မြို့နယ်တွေကို ယောဒေသလို့ သတ်မှတ်ထားတာပါ။
တော်လှန်ရေးကာလ ၄နှစ်ကျော်လာတဲ့ အချိန်မှာတော့ ဒီအဖွဲ့တွေဟာ ယောအမျိုးသားရေးအပေါ် အခြေခံတဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေးအတွက် ဆက်လက်ကြိုးပမ်းနေကြပါပြီ။
သတင်း၊ တင်ဆက် – ကိုလှိုင်း
နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း
Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။
Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။
မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။



