ကရင်ပြည်နယ် မြဝတီမြို့ အွန်လိုင်းငွေလိမ်လုပ်ငန်းတစ်ခုတွင် လုပ်ကိုင်စဉ် အမေရိကန်နိုင်ငံသားများကို သားကောင်အဖြစ် ရွေးချယ်ခဲ့ကြောင်း ပဲခူးတိုင်းမှ အသက် ၃၀အရွယ် ကိုသူ(အမည်လွှဲ)က ပြောသည်။
ပင်စင်စား သက်ကြီးပိုင်းများကို အဓိကပစ်မှတ်ထားခဲ့ရာ ဒေါ်လာ သိန်းနှင့်ချီ အလိမ်ခံရသူများပင်ရှိသည်ဟု ကိုသူက Myanmar Now ကို ပြောသည်။
ကိုသူသည် မြဝတီ၊ ရွှေကုက္ကိုမြို့သစ်တွင် ၂နှစ်ကြာ လုပ်ကိုင်ခဲ့သူ ဖြစ်သည်။
ထိုနယ်မြေသည် စစ်တပ်ဩဇာခံသူ ဗိုလ်မှူးကြီးစောချစ်သူ၏ နယ်မြေဖြစ်ပြီး ကျားဖြန့် လုပ်ငန်းများ အလျဉ်းမရှိကြောင်း ကြိမ်ဖန်များစွာ ငြင်းဆန်ထားသည်၊ မကြာသေးမီက တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ ဖိအား ပြင်းပြင်းထန်ထန် ပေါ်ပေါက်လာပြီးနောက် ၎င်း၏နယ်မြေအတွင်းရှိ ကျားဖြန့်လုပ်သားများ၊ ကျွန်ပြုခံနေရသူများကို သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့ရန် စီစဉ်နေသည်။
Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် မကြာသေးခင်က ထိုဒေသကို စွန့်ခွာလာခဲ့သည့် ကိုသူက ငွေလိမ်နည်းများ၊ ကျားဖြန့်ဝန်ထမ်းတစ်ဦး၏ လစာ၊ ခံစားခွင့်၊ ခေါင်းပုံဖြတ်နှိပ်စက်မှုများအကြောင်း ပြောပြထားသည်။
မေးမြန်း – အောင်ဇေ
နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း
Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။
Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။
မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။



