ရုပ်သံရုပ်သံသတင်း

အမေရိကန်သက်ကြီးပိုင်းကို ပစ်မှတ်ထားခဲ့သူ ကျားဖြန့်ဝန်ထမ်းဟောင်းနှင့် ဆက်သွယ်မေးမြန်းခြင်း

ကရင်ပြည်နယ် မြဝတီမြို့ အွန်လိုင်းငွေလိမ်လုပ်ငန်းတစ်ခုတွင် လုပ်ကိုင်စဉ် အမေရိကန်နိုင်ငံသားများကို သားကောင်အဖြစ် ရွေးချယ်ခဲ့ကြောင်း ပဲခူးတိုင်းမှ အသက် ၃၀အရွယ် ကိုသူ(အမည်လွှဲ)က ပြောသည်။

ကရင်ပြည်နယ် မြဝတီမြို့ အွန်လိုင်းငွေလိမ်လုပ်ငန်းတစ်ခုတွင် လုပ်ကိုင်စဉ် အမေရိကန်နိုင်ငံသားများကို သားကောင်အဖြစ် ရွေးချယ်ခဲ့ကြောင်း ပဲခူးတိုင်းမှ အသက် ၃၀အရွယ် ကိုသူ(အမည်လွှဲ)က ပြောသည်။

ပင်စင်စား သက်ကြီးပိုင်းများကို အဓိကပစ်မှတ်ထားခဲ့ရာ ဒေါ်လာ သိန်းနှင့်ချီ အလိမ်ခံရသူများပင်ရှိသည်ဟု ကိုသူက Myanmar Now ကို ပြောသည်။

ကိုသူသည် မြဝတီ၊ ရွှေကုက္ကိုမြို့သစ်တွင် ၂နှစ်ကြာ လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

ထိုနယ်မြေသည် စစ်တပ်ဩဇာခံသူ ဗိုလ်မှူးကြီးစောချစ်သူ၏ နယ်မြေဖြစ်ပြီး ကျားဖြန့် လုပ်ငန်းများ အလျဉ်းမရှိကြောင်း ကြိမ်ဖန်များစွာ ငြင်းဆန်ထားသည်၊ မကြာသေးမီက တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ ဖိအား ပြင်းပြင်းထန်ထန် ပေါ်ပေါက်လာပြီးနောက် ၎င်း၏နယ်မြေအတွင်းရှိ ကျားဖြန့်လုပ်သားများ၊ ကျွန်ပြုခံနေရသူများကို သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့ရန် စီစဉ်နေသည်။

Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် မကြာသေးခင်က ထိုဒေသကို စွန့်ခွာလာခဲ့သည့် ကိုသူက ငွေလိမ်နည်းများ၊ ကျားဖြန့်ဝန်ထမ်းတစ်ဦး၏ လစာ၊ ခံစားခွင့်၊ ခေါင်းပုံဖြတ်နှိပ်စက်မှုများအကြောင်း ပြောပြထားသည်။

မေးမြန်း – အောင်ဇေ





Show More

Related Articles

Back to top button