ရုပ်သံရုပ်သံသတင်း

အများပြည်သူ အိပ်မောကျနေချိန် ပေါက်နှင့်မြိုင်နယ်စပ်ကို လေတပ်ဗုံးကြဲ၍ လူ ၁၂ဦး သေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ် လက်ပံတိုရေနံမြေ နှင့် မြိုင်မြို့နယ်စပ်ကြားကျေးရွာ ၇ ရွာခန့်ကို ယနေ့ (မတ် လ ၃) နံနက်အစောပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် အပါအဝင် အနည်းဆုံး ၁၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ပေါက်မြို့နယ်တွင် ရေနံမှော်ရှိရာ လက်ပံတို၊ သရက်ကန်ရွာနှင့် မြိုင်မြို့နယ်တွင် ဘောင့်ဘင်၊ ဆိတ်ချေး ၊ ဂျုတ်ကုန်း၊ ဆူးဝင်း၊ တောရွာတို့ကို လူအများအိပ်မောကျနေချိန် နံနက်အစောပိုင်း ၁ နာရီကျော်မှ ၂ နာရီ ဝန်းကျင်အတွင်း တိုက်ခိုက်ရေးလေယာဉ်၊ သယ်ယူပို့ဆောင်ရေး Y 12 လေယာဉ်များဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တစ်ညအတွင်း လေကြောင်းတိုက်ခိုက်မှုသည် အချိန် ၁ နာရီနီးပါးကြာမြင့်ပြီး ၉ ကြိမ်ထက်မနည်း ရှိသည်ဟု ဒေသခံများက ဆိုကြသည်။

တည်းဖြတ်၊ တင်ဆက် – မြတ်ကြီး

Show More

Related Articles

Back to top button