အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

လွိုင်ကော်တက္ကသိုလ်က ကရာတေးနည်းပြတစ်ယောက်ရဲ့ မွေထိုင်းအိပ်မက်

ထိုင်းနိုင်ငံမှာ ရေပန်းစားတဲ့ မွေထိုင်းလက်ဝှေ့ပွဲတစ်ခုကို ဇင်းမယ်လို့ခေါ်ကြတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းရဲ့ မြို့တော်ချင်းမိုင်မှာ အခုနှစ် ဖေဖော်ဝါရီလဆန်း ညဦးပိုင်းက ပြုလုပ်ခဲ့ပါတယ်။ 

ဒီပွဲမှာ ဝင်ရောက်ထိုးသတ်ဖို့ ပြင်ဆင်နေကြတဲ့ ထိုင်းလူမျိုးတွေကြားထဲမှာ မြန်မာလူငယ်တစ်ယောက်လည်း ပါဝင်ပါတယ်။ သူကတော့ တိုက်ခိုက်ရေးနာမည်ကို ‘ဇီးရိုး’ လို့ နာမည်ပေးထားတဲ့ အသက် ၃၀ကျော်အရွယ် ကိုစိုင်း ဆိုသူပါ။ 

စစ်တပ်အာဏာမသိမ်းခင်အထိတော့ ကိုစိုင်းဟာ သူ့ရဲ့ဇာတိဖြစ်တဲ့ ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့မှာနေထိုင်ပြီး၊ သူ့ရဲ့အလုပ်က လွိုင်ကော်တက္ကသိုလ်က ကရာတေးနည်းပြတစ်ယောက်ပါ။ နိုင်ငံအဆင့် ဆီးဂိမ်းနဲ့၊ ပြည်နယ်ကိုယ်စားပြု ကရာတေးပြိုင်တွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုတံဆိပ်တွေလည်း ရခဲ့သူပါ။ 

ဒါပေမယ့် စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်က များစွာသော လူငယ်တွေလိုပဲ သူ့ရဲ့ဘဝဖြတ်သန်းမှုဟာလည်း တစ်ဆစ်ချိုး ပြောင်းလဲသွားပါတယ်။ ထိုင်းနိုင်ငံရောက်ကာစကဆိုရင် စားသောက်ဆိုင်တစ်ခုမှာ တစ်ရက်ကို ဆယ်နာရီလောက် အလုပ်လုပ်ခဲ့ရပါတယ်။ 

အခုတော့ ထိုင်းလူမျိုးတွေကြားမှာ နာမည်ကျော်တဲ့ တိုက်ခိုက်ရေးအားကစား မွေထိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်နေပါပြီ။ 

ရိုက်ကူးတင်ဆက် – မြတ်ကြီး

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button