အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထောက်လှမ်းရေးဗိုလ်မှူးပစ်ခတ်ခံရမှုအတွက် ၇ ဦး ဖမ်းထားသည်ဟု စစ်တပ်ပြော 

စစ်ထောက်လှမ်းရေး အရာရှိ ပစ်ခတ်ခံရပြီးနောက် ပစ်ခတ်သည်ဟု ယူဆရသူတချို့နှင့် မိဘ ၃ ဦးကို ဖမ်းထားသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

 ဒီဇင်ဘာလအတွင်းစစ်ထောက်လှမ်းရေးအရာရှိတစ်ဦး  ရန်ကုန်မြို့တွင် ပစ်ခတ်ခံရမှုနှင့် ဆက်စပ်ပြီး ၇ ဦးကို ဖမ်းဆီးထားသည်မှာ ရက်သတ္တ တစ်ပတ်ရှိပြီဖြစ်သည်ဟု စစ်ကောင်စီက ယမန်နေ့ (ဇန်နဝါရီ ၅) ရက်စွဲဖြင့် သတင်းထုတ်ထားသည်။

စစ်ဘက်ရေးရာ လုံခြုံရေးတပ်မှ ဗိုလ်မှူး ဇေယျာမင်းတို့မောင်နှမ ရန်ကုန်၊ မရမ်းကုန်းမြို့နယ်   Apollo ဟိုတယ်အနီးတွင်  ဒီဇင်ဘာ ၂၂ ရက်နေ့က ပစ်ခတ်ခံရပြီး ဒဏ်ရာရသွားသည်၊  ပစ်ခတ်မှုနှင့် ဆက်စပ်နေသူတချို့ကို  ဒီဇင်ဘာ ၂၉ တွင် ဖမ်းဆီးလိုက်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

ကိုနိုင်ဝင်းလတ်၊ ကိုခိုင်မင်းစိုး၊ ကိုမိုးထက်အောင်တို့ကို ဒီဇင်ဘာ ၂၉ တွင်  ဖမ်းမိထားသည်၊ 

ထိုနေ့ နံနက်တွင်  မိုးထက်အောင်၏  မိဘများဖြစ်သော ဦးသန်းအောင်၊ ဒေါ်ချိုမာလွင်တို့ကို ဖမ်းလိုက်ပြီး  လွတ်မြောက်သွားသူစွမ်းထက်ဆိုသူ၏ မိခင်ဖြစ်သူ ဒေါ်ခင်ယုဆွေကိုလည်း နေ့လယ်ပိုင်းတွင် ဖမ်းလိုက်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကိုထက်အောင်လှိုင် ဆိုသူကိုလည်း ဇန်နဝါရီလ ၂ ရက်နေ့တွင် ဖမ်းလိုက်သည်ဟု ဆိုသည်။ ဖမ်းထားသည့် ၇ ဦးအနက် ၆ ဦး၏ ဓာတ်ပုံများကို ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသော်လည်း ကိုထက်အောင်လှိုင်၏ပုံ မပါဝင်ပေ။

ပစ်ခတ်မှုနှင့် ဆက်စပ်နေသည်ဟု ယူဆရသော ၁၂ ဦး လွတ်မြောက်နေသည်၊  Sig Sauer  ပစ္စတို ၂ လက်၊ ခြောက်လုံးပြူး ၁ လက်၊ ကျည် တချို့ စသည့် လက်နက်များကို သိမ်းဆည်းရမိထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

ပစ်ခတ်မှုကြောင့် ဗိုလ်မှူးဇေယျာမင်း ညာဘက်လက်ဖျံ ဖောက်ဝင်ဒဏ်ရာရရှိခဲ့သလို ၎င်း၏ ညီမဖြစ်သူမှာလည်း ညာဘက်ခါး ထိမှန်ခဲ့သည်၊  ဒဏ်ရာများ မစိုးရိမ်ရဟု စစ်တပ်က ထုတ်ပြန်ထားသည်။ 

ဒဏ်ရာရသွားသည့် ဗိုလ်မှူးဇေယျာမင်း ဆိုသူ၏ ဓာတ်ပုံကို အွန်လိုင်းသုံးသူတချို့က မျှဝေထားကြရာ ပုံထဲတွင်  အမျိုးသားတစ်ဦး ညာလက် ပတ်တီးစီးထားသည်ကို တွေ့ရသည်။

ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်သည် Apollo ဟိုတယ် အနီးမှ လူနေရပ်ကွက်များကို အင်အား ၄၀၀ ခန့်ဖြင့်  စီးနင်းပြီး  လူငယ် ၈၀ ခန့်ကို ဖမ်းဆီးလိုက်ကြောင်း၊ အဆိုပါဖြစ်စဉ်အတွင်း ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦး ပါဝင်သွားဟန်ရှိပြီး ဆက်စပ်နေသူတချို့ ထပ်မံဖမ်းဆီးခံလိုက်ရခြင်းဖြစ်နိုင်ကြောင်း  မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ 

အမှုနှင့် ဆက်စပ်မှုမရှိသူတို့ကို ပြန်လွှတ်မပေးဘဲ  စစ်သင်တန်းသို့ ပို့ခဲ့သည်ဟု ယူဆရကြောင်း အဆိုပါသတင်းအရင်းအမြစ်က ပြောသည်။

“(ပစ်ခံရတဲ့စစ်တပ်အရာရှိ) ဇေယျာမင်းကို ရမယ်ရှာပြီးတော့ ပေါ်တာဆွဲတာပဲ (စစ်သားသစ်အဖြစ် စုဆောင်းတာပဲ)။ အဲဒီလူတွေအကုန်လုံး စစ်တပ်ထဲရောက်ကုန်တာ။ အဲဒီအချိန်မှာ ရဲဘော်တစ်ယောက်က ပါသွားတယ်လို့ ယူဆရတယ်”ဟု ၎င်းက ပြောသည်။ 

Yangon Phoenix နှင့် Together Urban Force တို့က ထိုတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း  ကြေညာထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button