အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗန်းမော်ဒေသ တိုက်ပွဲဆက်ပြင်းထန်၊ မံစီတွင် စစ်ကောင်စီ တပ်ရင်းမှူးတစ်ဦး ပျောက်နေ

တိုက်ပွဲဖြစ်နေသည့် မံစီမြို့တွင် ခမရ ၃၁၉ တပ်ရင်းမှူး ပျောက်နေသည်ဟု KIA က ပြောသည်။

ကချင်ပြည်နယ်၊ ဗန်းမော်နှင့် မံစီမြို့နယ်များတွင်  တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မံစီအခြေစိုက် ခြေမြန်တပ်ရင်းဌာနချုပ်တစ်ခု၏  တပ်ရင်းမှူးဖြစ်သူ စခန်းတွင် မရှိတော့ကြောင်း  ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြောသည်။

နယ်မြေချင်းထိစပ်နေသည့် ထိုမြို့နယ်များရှိ အခြေစိုက် စစ်စခန်းများကို KIA က ထိုးစစ်ဆင်နေသည်မှာ ဒီဇင်ဘာလဆန်းပိုင်းကတည်းက ဖြစ်သည်။ 

မံစီတွင် အမှတ် (၃၁၉) ခြေမြန်တပ်ရင်းဌာနချုပ်စခန်း၏ အုပ်ချုပ်သူ စခန်းတွင် ရှိမနေကြောင်း KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“၃၁၉ တပ်ရင်းမှူးကတော့ (တပ်စခန်း) အပြင်ဘက် ရောက်သွားတယ်။ ဒါကတော့ သေချာတယ်။  သေတာလား၊ ရှင်တာလားတော့ ကျွန်တော်လည်း မသိဘူး။ ကျန်တာက ထူးတာမရှိဘူး” ဟု ၎င်းက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အခြားသတင်းအရင်းမြစ်တစ်ဦးကလည်း မံစီမြို့အခြေစိုက် တပ်ရင်းနှစ်ခုအနီး တိုက်ပွဲများ ဆက်လက်ဖြစ်နေသည်ဟု ဆိုသည်။

ဗန်းမော်မြို့တွင်  စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) အမှတ် ၂၁အနီးရှိ စခန်းငယ်များကို KIAက သိမ်းပိုက်ထားပြီဟု သိရကြောင်း သူက ဆက်ပြောသည်။  

 ကချင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၁၂ က တွေ့ရစဉ်။ ဓာတ်ပုံ – EPA

 ဗန်းမော်မြို့တွင် စကခ ၂၁ အပြင် ခလရ ၂၃၆၊ ခလရ ၂၃၇၊ ခလရ ၄၇၊ အမြောက်တပ်ရင်းအမှတ် ၃၃၆၊ သံချပ်ကာတပ်အမှတ် ၇၀၀၆၊ အပါဝင် အခြား လက်ရုံးတပ်ရင်း ၇ ရင်းခန့်ဖြင့် စစ်တပ် အခြေစိုက်ထားသည်။ 

ထိုးစစ်ဆင်ခံနေရသည့် စစ်တပ်သည် KIAနှင့် ပူးပေါင်းအဖွဲ့ကို လေတပ် အားပြုပြီး ပြင်းပြင်းထန်ထန် ခုခံနေသည်ဟု သတင်းအရင်းမြစ်များက ပြောသည်။  

သို့သော် ဆက်သွယ်ရေးလိုင်းအခက်အခဲကြောင့် ဗန်းမော်မြို့နှင့် မံစီမြို့တို့ရှိ တိုက်ပွဲအခြေနေအသေးစိတ်ကို သိရှိရန် ခက်ခဲနေဆဲပင်။​

မတ်လမှစ၍ KIA က  စစ်ကောင်စီတပ်စခန်းများကို အပြင်းအထန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ 

KIA၏ ထိုးစစ်အတွင်း ကချင်ပြည်နယ်အတွင်းရှိ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ဒေါ့ဖုန်းယန်၊ ဆင်ဘို၊မြို့လှ၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားသည်။ ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မဘိမ်းမြို့ကိုလည်း သိမ်းပိုက်ထားသည်။

 KIA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – EPA)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button