မြန်မာပြည်အလယ်ပိုင်း၊ အညာဒေသ ရွာလယ်တစ်နေရာမှာ ဒေသခံတွေ ဦးခေါင်းနဲ့ ခြေ၊ လက်တွေ ဖြတ်တောက်ခံရပြီး ရက်ရက်စက်စက် အသတ်ခံခဲ့ရတာ တစ်လပြည့်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့၊ အောက်တိုဘာ ၁၇ရက်နေ့မှာ ဘုတလင်မြို့နယ်ထဲက အိမ်ခြေ ၅၀၀ လောက်ရှိတဲ့ စီပါဆိုတဲ့ ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အိမ်ခြေ ၃၀၀ နီးပါး မီးရှို့ဖျက်ဆီးခံရပြီး၊ ဖမ်းဆီး၊ သတ်ဖြတ်ခံရသူ ၆ဦးထဲမှာ စီပါရွာသား ၅ဦး ပါဝင်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်ချက်နဲ့ ကိုယ်လက်အင်္ဂါတွေ ခုတ်ထစ်ဖြတ်တောက်ခံရပြီး သေဆုံးသွားသူတွေကတော့ စီပါရွာက အသက် ၇၈နှစ်အရွယ် ဦးတင်လှိုင်၊ အသက် ၆၅နှစ်အရွယ် ဦးကြောင်ပို၊ အသက် ၄၂နှစ်အရွယ် ဦးထက်အောင်နဲ့ ဦးလှစိန်၊ ဦးဌေးလွင်တို့ ဖြစ်ကြပါတယ်။ ရက်ရက်စက်စက် အသတ်ခံရသူတွေထဲက တစ်ဦးဖြစ်တဲ့ အသက် ၆၅အရွယ် ဦးကြောင်ပိုဟာ ဖက်ကြမ်းဆေးလိပ်ကို ကြိုက်နှစ်သက်သူ ဖြစ်တာကြောင့် သူ့ရဲ့ညီမဖြစ်သူဟာ အကိုဖြစ်သူအသတ်ခံရတဲ့နေရာကို နေ့စဉ် ဆေးလိပ်တစ်လိပ်စီ လာပို့နေတယ်လို့ ဆိုပါတယ်။ ရွာသားအများစုဟာ ထွက်ပြေးလွတ်မြောက်ခဲ့ကြပေမယ့် ပြေးလို့မလွတ်တဲ့ရွာသားတွေဟာ ခုလိုအဖြစ်ဆိုးနဲ့ ကြုံပြီး ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ကြရတာလည်း ဖြစ်ပါတယ်။ သတ်ဖြတ်ခံရသူတွေထဲ အသက်အကြီးဆုံးဖြစ်တဲ့ ၇၈နှစ်အရွယ် ဦးတင်လှိုင်ရဲ့အသက်ကို ချမ်းသာခွင့်ပေးဖို့ ကျောင်းထိုင်ဘုန်းကြီးက အလှူခံပေးခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့တွေက ခွင့်မပြုခဲ့ဘူးလို့ ဦးတင်လှိုင်ရဲ့ တူတော်စပ်သူက ပြောပြပါတယ်။ ဒေသခံတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာ၊ ရွာမီးတင်ရှို့တာတွေကို ကျူးလွန်နေတဲ့ စစ်ကောင်စီဟာ ပြည်သူလူထုကို အကြောက်တရားရအောင် ခြိမ်းခြောက်တာဖြစ်ပြီး၊ တော်လှန်ရေးအင်အားစုကို အနိုင်မတိုက်နိုင်တာကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။
Read Next
သတင်း
December 12, 2025
မြေပြင်နှစ်ဖက်ညှပ် စစ်ကြောင်းထိုးနေသည့်ဖလမ်းတွင် တိုက်ပွဲပြင်းထန်နေ
ရုပ်သံသတင်း
December 12, 2025
စစ်တပ်ထိုးစစ် စဉ့်ကူးမြို့အနီးရောက်လာလို့ တိုက်ပွဲပြင်းထန်နေ
သတင်း
December 12, 2025
ကျားဖြန့်တိုက်ဖျက်ရေးစင်တာ တည်ထောင်ရန် စစ်ကော်မရှင်စီစဉ်နေ
ရုပ်သံသတင်း
December 12, 2025
ဥပဒေမဲ့ စစ်အာဏာသိမ်းမှုမှသည် တရားမဝင်ရွေးကောက်ပွဲ ဆီသို့
December 12, 2025
မြေပြင်နှစ်ဖက်ညှပ် စစ်ကြောင်းထိုးနေသည့်ဖလမ်းတွင် တိုက်ပွဲပြင်းထန်နေ
December 12, 2025
ကောလင်းအရှေ့ခြမ်း ညအချိန် လေကြောင်းတိုက်ခိုက်ခံရ၊ မိခင်သေဆုံးပြီး ကလေး ၂ ဦး ဒဏ်ရာရ
December 12, 2025
စစ်တပ်ထိုးစစ် စဉ့်ကူးမြို့အနီးရောက်လာလို့ တိုက်ပွဲပြင်းထန်နေ
December 12, 2025
ကျားဖြန့်တိုက်ဖျက်ရေးစင်တာ တည်ထောင်ရန် စစ်ကော်မရှင်စီစဉ်နေ
December 12, 2025



