ရုပ်သံသတင်း

စစ်တပ်ဗုံးကြဲလို့ သေဆုံးခဲ့ရတဲ့ အညာဒေသက ကျန်ရစ်သူ မိသားစုဝင်များ

ခုခံတော်လှန်မှုကားကောင်းရာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကို အောက်တိုဘာ ၂၃ရက် ဗုဒ္ဗဟူးနေ့ ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၆ဦး သေဆုံးခဲ့ပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၇၅နှစ်အရွယ် သက်ကြီးပိုင်း ပါဝင်သလို အသက် ၁၈နှစ်မပြည့်သေးတဲ့ ဆယ်တန်းကျောင်းသူလည်း ပါဝင်ခဲ့ပါတယ်။ အိမ်ခြေ ၁၀၀၀ကျော်ရှိပြီး လူဦးရေ ၅၀၀၀ ကျော် နေထိုင်တဲ့ ဇရပ်ကုန်းရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီ လေတပ်က ဗုံးကြဲခဲ့လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူတွေဟာ ဇရပ်ကုန်းရွာသားတွေ ဖြစ်ကြတဲ့ အသက် ၇၅နှစ်အရွယ် ဒေါ်ထူး၊ အသက် ၆၃နှစ်အရွယ် ဒေါ်သန်းမြ၊ ဒေါ်သန်းမြရဲ့သမီးဖြစ်သူ အသက် ၁၅နှစ်အရွယ် မဂျူးဂျူး၊ အသက် ၅၅နှစ်အရွယ် ဦးမြင့်လွင်၊ အသက် ၂၇နှစ်အရွယ် မဝေဝေနဲ့ အသက် ၁၈နှစ်အရွယ် ကိုကျော်ထက်နောင်တို့ ဖြစ်ကြပါတယ်။ စစ်ကောင်စီရဲ့ ဗုံးဒဏ်ကြောင့် သေဆုံးခဲ့ရတဲ့ အသက် ၂၇နှစ်အရွယ် မဝေဝေရဲ့ ခင်ပွန်းဖြစ်သူကတော့ သူ့ဇနီးနဲ့ မိတ်ဆွေသူငယ်ချင်းတွေအတွက် သူကိုယ်တိုင် လက်နက်ကိုင်ပြီး စစ်ကောင်စီကို တော်လှန်သွားမယ်လို့ ဆိုပါတယ်။

Show More

Related Articles

Back to top button