အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

သီတင်းမကျွတ်လိုက်ရသော စီပါရွာမှ လူ့ငရဲ

မြန်မာနိုင်ငံအလယ်ပိုင်း၊ အညာဒေသ၊ ဘုတလင်မြို့နယ်ထဲမှ စီပါဆိုသည့်ရွာလေးမှ ရွာခံတို့ကမူ ပြီးခဲ့သည့် လပြည့်နေ့တွင် ဆီမီးမထွန်းနိုင်ခဲ့ကြ။ လပြည့်နေ့တွင် ဘုရားရှင်ကိုကြိုဆိုဖို့ထက် ရွာထဲဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့များလက်ထဲ အရှင်လတ်လတ်ငရဲမကျစေရေးအတွက် ပြေးကြလွှားခဲ့ကြရသည်။ ရွာသားအများစုက ခြေဦးတည့်ရာထွက်ပြေးခဲ့ကြသော်လည်း ပြေးမလွတ်ကြသူများ လူ့ငရဲနှင့်ရင်ဆိုင်ခဲ့ကြရသည်။ ဖမ်းခံရသူများသည် လပြည့်ညတွင် ငရဲကျသလို အရှင်လတ်လတ် ညှဥ်းပန်းနှိပ်စက်ခံခဲ့ရသည်။ မပြေးနိုင်ကြသူများကို စစ်ကောင်စီတပ်က အရှင်လတ်လတ် ခုတ်ထစ် သတ်ဖြတ်ခဲ့သည်။ ထို့နောက်ရွာလယ်တွင် ခေါင်းပြတ်၊လက်ပြတ်များကို ချိတ်ဆွဲထားခဲ့ကြသည်။ သတ်ဖြတ်ခံရသူများသည် စီပါရွာသားများဖြစ်ကြပြီး အသက် ၈၀ ကျော်အရွယ် ဦးတင်လှိုင်၊ ၄၂ နှစ် အရွယ်ဦးတက်အောင်၊ ၄၀ ကျော်အရွယ် ဦးကြောင်ပိုတို့ဖြစ်သည်။ အထက်ပါ ရင်နင့်ဖွယ်အဖြစ်အပျက်များကို အသက်မသေဘဲ လွတ်မြောက်ခဲ့သည့် စီပါရွာသား အမျိုးသမီးတစ်ဦးက ပြောပြထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles