ရုပ်သံသတင်း

နိုင်ငံရေးနည်းဖြင့် ဖြေရှင်းလို့ရခဲ့လျှင် ဒေါက်တာဇော်မြင့်မောင် သေဆုံးစရာမရှိဟု NLD ပြော

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းလို့ရခဲ့လျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သော ဒေါက်တာဇော်မြင့်မောင် သေဆုံးစရာ အကြောင်းမရှိကြောင်း NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောကြားသည်။ စစ်အာဏာသိမ်းပြီးနောက် မန္တလေးအိုဘိုထောင်တွင် ထောင်ဒဏ် ၂၉နှစ် အကျဉ်းချခံထားရသူ ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးဆေးရုံကြီး၊ အရေးပေါ်ဆေးကုသမှုဆောင်တွင် ယနေ့(အောက်တိုဘာ ၇) နံနက်အစောပိုင်းက ကွယ်လွန်သွားခဲ့သည်။ ပါတီ၏ ခေါင်းဆောင်တစ်ဦး ကွယ်လွန်ခြင်းနှင့်ပတ်သက်၍ NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က “ အခုအချိန်မှာ မြန်မာ့နိုင်ငံရေးမှာ နိုင်ငံရေးကို နိုင်ငံရေးနဲ့ဖြေရှင်းမယ်ဆိုတဲ့ စကားသံတချို့ကို တချို့က ပြောဆိုလာကြပါတယ်။ အကယ်၍ နိုင်ငံရေးကို နိုင်ငံရေးနဲ့ ဖြေရှင်းရိုးမှန်ခဲ့ရင် ဆရာဒေါက်တာဇော်မြင့်မောင်ဟာ အခုလို ရောဂါကျွမ်းပြီးတော့ ရေတိမ်နစ်ရတာမျိုး ဖြစ်မှာ မဟုတ်ပါဘူး” ဟု Myanmar Now ကို ပြောသည်။

Show More

Related Articles

Back to top button