ရုပ်သံသတင်း

ကချင်ပြည်နယ်တွင် KIA သိမ်းထားသည့်မြို့ပေါင်း ၁၀မြို့ ရှိလာ

ကချင်လွတ်လပ်ရေးတပ်မတော် KIA က ချီဖွေမြို့နဲ့ ဆော့လော်မြို့တို့ကို အခုလဆန်းပိုင်းက သိမ်းပိုက်နိုင်ခဲ့တာကြောင့် ကချင်ပြည်နယ်မှာ KIA သိမ်းထားတဲ့မြို့ပေါင်း ၁၀မြို့အထိ ရှိလာပါတယ်။ အခုနှစ် မတ်လဆန်းစတင်တဲ့ စစ်ဆင်ရေးအတွင်း KIA နဲ့ ပူးပေါင်းတပ်တွေဟာ ကချင်ပြည်နယ်ထဲက ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ဆင်ဘို၊ မြို့လှ၊ ဒေါ့ဖုန်းယန်၊ မိုးမောက်နဲ့ လွယ်ဂျယ်မြို့တွေကို သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်းမြို့ကိုလည်း အခုနှစ်ဆန်းပိုင်းမှာ KIA က တိုက်ခိုက်၊ သိမ်းပိုက်ထားပါတယ်။ KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ ဗန်းမော်မြို့ အပါအဝင် ပြည်နယ်မြို့တော် မြစ်ကြီးနားကို ဦးတည်တဲ့ စစ်ဆင်ရေးတွေ ဆက်လက်ဖော်ဆောင်နိုင်ဖွယ်ရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

Show More

Related Articles

Back to top button