
လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ စိုးမိုးမှုအားကောင်းရာ ဒေသတစ်ခုဖြစ်သည့် ဆားလင်းကြီး တွင် တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့်စက်ရုံမှ သံထည်များကို ဝင်ယူမှုနှင့်ပတ်သက်ပြီး NUG ၏ “ပသုံးလုံး”အဖွဲ့က တင်းတင်းမာမာ ကိုင်တွယ်နေသလို ဒေသခံများကလည်း ဇွတ်တိုးယူငင်မှုများရှိနေသည်။ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှ လက်ရှိအချိန်ထိ စက်ရုံဝင်းအတွင်း ပစ္စည်းဝင်ယူမှုနှင့်ပတ်သက်ပြီး သေဆုံးသူ ၄ ဦး အထိရှိကြောင်း ဒေသခံများထံမှသိရသည်။ လက်ရှိ ပဋိပက္ခနှင့်ပတ်သက်ပြီး နှစ်ဘက်လုံးတွင် မှားယွင်းမှုများ ရှိနေကြောင်း လုံခြုံရေးအရ အမည် မဖော်လိုသည့် ဆားလင်းကြီးဒေသခံ တက်ကြွလှုပ်ရှားသူတစ်ဦး သုံးသပ်သည်။ ဒေသခံနှင့် ပသုံးလုံးကြား ပဋိပက္ခဖြစ်ပွားနေသည့် အခြေအနေများကို ယခုရုပ်သံတွင် ကြည့်ရှုနိုင်သည်။